တာချီလိတ်မြို့နယ် မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု ကော့ရားကျေးရွာအနီး၌ ခန့်မှန်းငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
တာချီလိတ်မြို့နယ် မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု ကော့ရားကျေးရွာအနီး၌ ခန့်မှန်းငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Ministry of Information/ Naypyitaw / March 25, 2026
နေပြည်တော် မတ် ၂၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံး ပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များအသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ညနေ ၃ နာရီခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၂၈၅၀၀ ခန့်အကွာ မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု ကော့ရားကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ်တဲများအား တွေ့ရှိသဖြင့် ဝင်ရောက် ရှာဖွေစစ်ဆေးရာ အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ မူးယစ်ဆေးဝါး ချက်လုပ်/ ထုပ်ပိုးသည့် မိုးကာ တဲကြီး နှစ်လုံး၊ အလျား ပေ ၅၀၊ အနံ ပေ ၃၀ ရှိ ထမင်းစားဆောင် မိုးကာတဲတစ်လုံးနှင့် လူနေမိုးကာတဲ တစ်လုံး၊ ၁၀ ပေပတ်လည် လူနေမိုးကာတဲ သုံးလုံး၊ အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ မိုးကာတဲ သုံးလုံးတို့ကို တွေ့ရှိရပြီး ၎င်းတို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ် ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော ၁၉ လုံးကျ ရိုက်စက် နှင့် အင်ဂျင်အသေးတွဲလျက်ပါ လေးလုံး၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်းပြား၊ စိတ်ကြွ ရူးသွပ်ဆေးပြားအကြေ ၂၀ ကီလိုဂရမ်စီပါ ခြောက်အိတ်၊ ပန်းရောင်စိတ်ကြွဆေးမှုန့် ၂၀ ကီလိုဂရမ်စီပါ ၁၅ အိတ်၊ အိုက်စ် ၁ ကီလို ဂရမ်စီပါ ၄၉ ထုပ်၊ ကဖင်း ၁၅ ကီလိုဂရမ်စီပါ ၄၆ အိတ်၊ ကဖင်း ၂၀ ကီလိုဂရမ်စီပါ အိတ် ၇၀၊ အခြောက်ခံစတီးဗန်း ၁၆ ဗန်း၊ မူးယစ်ဆေးဝါးမွှေစက် နှင့် အင်ဂျင်အသေးတွဲလျက်ပါ တစ်လုံး၊ ဂတ်စ်အိုး ၃၂ လုံး၊ မီးစက်အကြီး တစ်လုံး၊ မျောက်ခေါင်း တံဆိပ်အနံ့ဆေးရည် အလုံး ၂၀ စီပါ ၁၂ ဖာ၊ Promethazine တံဆိပ် ပါ ချောင်းဆိုးပျောက်ဆေး အလုံး ၂၅၀၊ ဗင်နီလင်း ၄၀ ကီလိုဂရမ်စီပါ လေးအိတ်၊ ကြယ်တံဆိပ် Food Colour ဘူးသေး ၅၀၊ ကီလိုချိန် စက်အကြီး နှစ်ခု၊ စိတ်ကြွဆေးပြားများထည့်သည့် ပလတ်စတစ် ကပ်ခွာအိတ်ငယ်ပါ ဆာလာအိတ် သုံးအိတ်၊ မှိုင်းကိုင်စက္ကူပါဆာလာ အိတ် သုံးအိတ်၊ ဆေးပြားရိုက် မှိုတံဆိပ်မပါ ၂၀၃ ချောင်း၊ WY တံဆိပ်ပါဆေးပြား ရိုက်မှို ၂၀၄ ချောင်းနှင့် Starlink Gen 3 တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့်) နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ပညာရှင် များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျ မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်အားလည်း မသင်္ကာဖွယ် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများရှိနိုင် သေးသဖြင့် နယ်မြေဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3480 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
