တောင်သူလယ်သမားတို့လုပ်အားဖြင့် မြေကြီးမှ ရွှေသီးအောင် စွမ်းဆောင်


Ministry of Information/ Naypyitaw / March 02, 2026
image_latest


၅၁ သန်းကျော်ရှိသော နိုင်ငံသူနိုင်ငံသားတို့ နေ့စဉ်စားသုံးနေကြရသည့် အဓိကအစားအစာဖြစ်သော ဆန်ကိုစိုက်ပျိုးရေးကဏ္ဍမှ ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။ မိမိတို့နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)တွင်လည်း စိုက်ပျိုးရေးကဏ္ဍက ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသူများမှာ နိုင်ငံ့လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်ရှိသော ကျေးလက်နေ တောင်သူလယ်သမားများဖြစ်သည်။ သို့ဖြစ်ရာနိုင်ငံတွင် စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက် တောင်သူလယ်သမားများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးသည်။

နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကဏ္ဍကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ယင်းမှ တစ်ဆင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro- based Industries) ကို ဖွံ့ဖြိုးတိုးတက်စေကာ ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်သွားရန် နိုင်ငံ တော်က ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် တောင်သူလယ်သမားများအပါအဝင် ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် တစ်ဆက်တစ်စပ်တည်းပင်ဖြစ်ပြီး အဓိကလိုအပ်ချက်မှာ သီးနှံများအထွက်တိုးရန်ပင်ဖြစ်သည်။ သီးနှံများအထွက်တိုးရန်မှာ မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော နည်းလမ်း(၄)သွယ်တို့ ကောင်းမွန်ပြည့်စုံရမည်ဖြစ်ရာ ယင်းသို့ပြည့်စုံနိုင်ရန်အတွက် လက်တွေ့စိုက်ပျိုးထုတ်လုပ်သူ ကာယကံရှင် တောင်သူလယ်သမားများသာမကတာဝန်ရှိသည့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည်။

သီးနှံအထွက်တိုးစေရန်မှာ မျိုးကောင်းမျိုးသန့်ကို မဖြစ်မနေ ရှာဖွေရွေးချယ် စိုက်ပျိုးကြရန်လိုသည်။ သီးနှံတစ်ခု၏ မျိုးကောင်းဆိုသည်မှာ အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၊ ပိုးမွှားနှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ကောင်းစသည့် အရည်အသွေးများနှင့်ပြည့်စုံသည့်မျိုးဖြစ်ပြီး မျိုးသန့်ဆိုသည်မှာ မျိုးတစ်မျိုးတွင် အခြားမျိုးကွဲများ၊ ပေါင်းမြက်စေ့များ၊ အဖျင်းအမှော်များ ရောနှောပါဝင်မှုကင်းသည့် မျိုးဖြစ်သည်။ ထို့အပြင် သီးနှံများ အထွက်တိုး၍ အောင်မြင်ရန်မှာ မြေဆီလွှာအရည် အသွေးကောင်းမွန်ရန်လိုသည်။ သီးနှံစိုက်ရန် မြေပြုပြင်ရာတွင် မြေဆီလွှာအခြေအနေကို စစ်ဆေးခြင်း၊ ယခင်သီးနှံအကြွင်းအကျန်များနှင့် ပေါင်းမြက်များကိုရှင်း၍ မြေကြီးနက်နက် ထွန်ယက်ခြင်း၊ နွားချေး သို့မဟုတ် သဘာဝမြေသြဇာများထည့်ပေးခြင်း၊ မြေချဉ်ငံဓာတ်ညှိခြင်း၊ မြေကိုညက်အောင် ထွန်ယက်ခြင်းစသည်တို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။

သီးနှံအထွက်တိုးတက်ရေးတွင် မဖြစ်မနေလိုအပ်သော စိုက်ပျိုးရေရရှိရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ကန်၊ ရေတံခါး ၁၉၉ ခု၊ ရေတင်လုပ်ငန်း ၂၁၉ ခု စုစုပေါင်း ၈၈၀ ရှိနေပြီး စိုက်ပျိုးသီးနှံဧက ၃၁ သိန်းကျော်ကို အကျိုးပြုလျက်ရှိသည်။ ထို့အပြင် စိုက်ပျိုးရေ ခက်ခဲသည့်ဒေသများတွင် မြေအောက်ရေရရှိရေးအတွက် စက်ရေတွင်း ၂၅၇၆၉ တွင်းနှင့် မြေအောက်ရေလှောင်တမံများ တည်ဆောက်ပေးလျက်ရှိသည်။ အထွက်နှုန်းတိုးတက်ရေးအတွက် အရေးပါသည့် နောက်ဆုံးအချက်မှာ ခေတ်မီနည်းပညာဖြစ်သည်။ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို အသုံးပြုစိုက်ပျိုးလျက်ရှိရာ သီးနှံထွက်နှုန်းအားဖြင့်လည်း မိမိတို့ထက်များစွာပိုမိုမြင့်မားသည်။ သို့ဖြစ်ရာ နည်းလမ်းမျိုးစုံဖြင့် အသိပညာပေးလျက်ရှိသည့် ခေတ်မီစိုက်ပျိုးနည်းပညာများ၊ သုတေသနတွေ့ရှိချက်များ၊ သတင်းအချက်အလက်များ စသည်တို့ကို စနစ်တကျ ရယူလေ့လာအသုံးချကြရမည်ဖြစ်သည်။ လက်ကိုင်ဖုန်း အင်တာနက်မှတစ်ဆင့် နည်းပညာများကို လွယ်လင့်တကူရရှိနိုင်ကြသည့်ခေတ်တွင် အကျိုးရှိရှိ ဆောင်ရွက်နိုင်‌ကြရန်လိုသည်။

တောင်သူလယ်သမားတို့၏ဘဝမြင့်မားတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့သည် စိုက်ပျိုးထုတ်ကုန်သီးနှံများ ပိုမိုထုတ်လုပ်နိုင်မှုအပေါ်တွင် မူတည်လျက်ရှိသည်။ လက်ရှိစိုက်ပျိုးနေသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအား နှစ်ဆမှ သုံးဆအထိရရှိအောင် သီးနှံပုံစံချ၍ စိုက်ပျိုးခြင်း စသည်တို့ကို အားထုတ် ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တောင်သူလယ်သမားတို့ အကျိုးစီးပွားမြင့်မားသည့်ထပ်တူ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ မြေကြီးမှရွှေသီးစေရေး တောင်သူလယ်သမားတို့ စွမ်းပကားကိုပြသကြရပါမည့်အကြောင်း။ ။

Newspaper - 3457 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download