ဒီမိုကရက်တစ်အင်အားစု လေဘာပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 11, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၀

ဒီမိုကရက်တစ်အင်အားစု လေဘာပါတီ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်မောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြပါသော ရဟန်းရှင်လူ မိဘလုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ။

ကျွန်တော်တို့ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီ မန္တလေးတိုင်းဒေသကြီး အခြေစိုက်ပါတီမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်မောင် ဖြစ်ပါတယ်ဆိုတာ မိတ်ဆက်ပါရစေ။ ကျွန်တော်တို့ပါတီအနေဖြင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်၊ တိုင်းပြည်နှင့် လူမျိုးအပေါ် တာဝန်ဝတ္တရားအသီးသီးရှိ ကဏ္ဍအလိုက် ဖော်ဆောင်ပေးမည့်တာဝန်များကို တင်ပြဟောပြောသွားမှာ ဖြစ်ပါတယ်။

နံပါတ် (၁) အနေနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းနေထိုင်သည့် ပြည်ထောင်စုသားတိုင်း လူမျိုး ကျား/မ နေထိုင်ရာ ဆင်းရဲချမ်းသာမရွေး နိုင်ငံရေးလွတ်လပ်ခွင့် အပြည့်အဝရရှိရေးဖြစ်ပါတယ်။

နံပါတ် (၂) လူမှုရေးလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ လူ့အခွင့်အရေးတန်းတူညီမျှ ထွန်းကားစေရေးအား မြန်မာနိုင်ငံတွင် ထွန်းကားလာစေရန် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

နံပါတ်(၃) မြန်မာပြည်သူပြည်သားအားလုံးသည် ဥပဒေနှင့်အညီ လှုပ်ရှားမှုကဏ္ဍအသီးသီး ပါဝင်ဆောင်ရွက်နိုင်ရေး။

နံပါတ် (၄) ပါတီ၏လုပ်ငန်းစဉ်တိုင်း အဓိကဖော်ဆောင်နိုင်ရန် လိုအပ်သော ရန်ပုံငွေရရှိဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

နံပါတ် (၅) ပါတီ၏ အဆင့်အားလုံးတွင် တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးအားလုံး တန်းတူပါဝင်ဆောင်ရွက်ရေးကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

နံပါတ် (၆) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော လူမျိုးစုအချင်းချင်း လေးစားမှု၊ ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နံပါတ် (၇) ဒီမိုကရက်တစ်အင်အားစု လေဘာပါတီ ပါတီဝင်များ၏ သစ္စာအဓိဋ္ဌာန်မှာ -

(၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာစောင့်သိပါမည်။

(၂) ပါတီဝင်အချင်းချင်း သစ္စာရှိပါမည်။

(၃) ပါတီ၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။

(၄) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ပါမည်။ ပါတီ၏သစ္စာ(၄)ချက်အား ဦးထိပ်ပန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နံပါတ် (၈) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာတိုးတက်ရေးဖြစ်သည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးအချက်ကျသည့် လုပ်ငန်းစဉ်များကို အလေးအနက်ထား၍ အောင်မြင်ရန် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ ကြိုးစားပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နံပါတ် (၉) မိမိတို့ နေထိုင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရှိ လူမျိုးစု(၁၃၅)မျိုးရှိတဲ့ တိုင်းရင်းသားများနှင့်အတူ ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့၏ပါတီတာဝန်အဖြစ် ခံယူအပ်ပါတယ်။

နံပါတ် (၁၀) ဒီမိုကရက်တစ်အင်အားစု လေဘာပါတီယုံကြည်သော ဒီမိုကရေစီစနစ်တွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရားများ ထွန်းကားကျင့်သုံးနိုင်ရေး၊ နိုင်ငံရေး လွတ်လပ်မှုနှင့် စီးပွားရေးလွတ်လပ်မှု၊ တရားစီရင်ရေးလွတ်လပ်မှု၊ လွတ်လပ်စွာဟောပြောစည်းရုံးနိုင်မှု စသည့် လွတ်လပ်မှုအခြေခံအခွင့်အရေးများကို ပြည်သူတို့ အပြည့်အဝခံစားနိုင်ကြစေရန်တို့ကို ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် -

လေးစားတန်ဖိုးထားရပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ရဟန်းရှင်လူမိဘလုပ်သားပြည်သူအပေါင်းတို့နှင့် ပါတီစုံဒီမိုကရေစီအောင်မြင်စေရန် ကြိုးစားအားထုတ်ကြသော ခေါင်းဆောင်ကြီးများအား ဒီမိုကရက်တစ်အင်အားစု လေဘာပါတီမှ ဘေးဘယာတွေ ဝေးကွာကြပြီး ချမ်းသာသုခနှစ်ဖြာ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းဆုပြုလျက်...

အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။

Newspaper - 3345 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download