ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး လူတော်လူကောင်းများမွေးထုတ်
ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး လူတော်လူကောင်းများမွေးထုတ်
Ministry of Information/ Naypyitaw / January 17, 2026
ပုထုဇဉ်လူသားများအနေဖြင့် လူဖြစ်လာကြရာတွင် အလုံးစုံပြည့်စုံသည်ဟူ၍ မရှိပေ။ တစ်ခုခုလိုအပ်လေ့ရှိသည်ကို တွေ့ရလေ့ရှိသည်။ သို့သော် အနာဂတ်လူ့ဘောင်လောကကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြမည့်သူများအနေဖြင့် အလုံးစုံပြည့်စုံအောင် (ဝါ) ဗလငါးတန်ပြည့်စုံအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ ယနေ့လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်သဖြင့် ဗလငါးတန်ပြည့်စုံစေရန် အထူးလိုအပ်သည်။ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် အမွန်မြတ်ဆုံးဖြစ်သည်။
စာရိတ္တဗလကြံ့ခိုင်ပါမှအခြားသော ဗလစွမ်းအားများသည် နိုင်ငံတော်ကို အကျိုးပြုနိုင်ကြပေမည်။ စာရိတ္တဗလ ယိမ်းယိုင်နေပါလျှင် ကျန်ဗလလေးတန်၏ ခွန်အားတို့သည် အဖျက်လုပ်ငန်းများဆီသို့ ဦးတည်သွားပေလိမ့်မည်။ စာရိတ္တဗလသည် လူကောင်းသူကောင်းဖြစ်စေသည်။ လူ့ဘောင်လောကသမိုင်းကို လေ့လာ ကြည့်လျှင် လူတော်လူကောင်းများစွာ ပေါ်ထ္ပက်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ လူတော်သော်လည်း စာရိတ္တဗလ၌ ချို့ယွင်းချက်များရှိသဖြင့် လူ့ဘောင်လောက၌ အရုပ်ဆိုးအကျည်းတန်ဖြစ်ခဲ့မှုများ တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့်လူလည်းတော်၊ လူကောင်းလည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရသည်။
နိုင်ငံတော်က မျှော်လင့်နေသော နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်မြောက်လာရေးအတွက် ကျောင်းသား ကျောင်းသူကလေးအရွယ်မှစ၍ အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးရင်း ဗလငါးတန်ပြည့်စုံအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ အတတ်ပညာသည် လူတော်ဖြစ်စေပြီး အသိပညာ သည် လူကောင်းဖြစ်စေသည်ဟု ဆိုထားသည်။ အသိပညာ၊ အတတ်ပညာရှိရန်အတွက် အတန်းပညာအခြေခံရှိရန်လိုသည်။ ထို့ကြောင့် ကျောင်းနေအရွယ် လူငယ်များအားလုံး ကျောင်းနေစေရေးနှင့်အတန်းပညာ ပြီးမြောက်စေရေးအတွက် နိုင်ငံတော်က ပညာရေးကဏ္ဍမြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိဘများနှင့် ကျောင်းသား ကျောင်းသူများကလည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် အဖွင့်မိန့်ခွန်းပြောကြားရာတွင် အတန်းပညာမရှိပါက အတတ်ပညာမရှိသည့်အတွက် လူသားအရင်းအမြစ်ရရှိမှုနည်းပါးမှုအခြေအနေကို ပြောကြားခဲ့ပြီး အသိပညာရှိမှု၏ အရေးပါမှုနှင့်ပတ်သက်၍ “အသိပညာအားနည်းပါကလည်း လူကောင်းများနည်းပါးစေပြီး နိုင်ငံ၏ ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း၊ ထို့ကြောင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ညီညွတ်မှုရှိစေရေး အသိပညာရှိသည့် လူငယ်လူရွယ်များ များပြားလာရန်လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် အသိပညာများ တိုးပွားလာစေရေး စာအုပ်စာပေများကို အမြဲဖတ်ရှုလေ့လာနေရန်လိုအပ်ကြောင်း” ပြောကြားခဲ့သည်။
အသိပညာ၊ အတတ်ပညာ မြင့်မားလာစေရေးအတွက် အခြေခံပညာ တတ်မြောက်သည့် ရာခိုင်နှုန်းမြင့်မားလာစေရေးသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လိုအပ်ချက်ဖြစ်သည်။ အများအားဖြင့် ပြည်နယ်များနှင့် ဝေးလံခေါင်းပါး သည့်နယ်မြေဒေသအချို့တွင် ပညာရေးအားနည်းနေသည်ကိုတွေ့ရသည်။ အတန်းပညာမရှိသည့်အတွက် လူသားအရင်းအမြစ်များနည်းပါးနေသလို အသိပညာမရှိသဖြင့် စာရိတ္တမဏ္ဍိုင်ချို့ယွင်းအားနည်းနေသည်ကို တွေ့ရသည်။ အထူးသဖြင့် စာရိတ္တမဏ္ဍိုင်အားနည်းသဖြင့် လူငယ်လူရွယ်အချို့အနေဖြင့် အဖျက်လုပ်ရပ်များတွင် ပါဝင်နေသည်ကို ဝမ်းနည်းဖွယ်တွေ့ရသည်။ အတန်းပညာပြီးဆုံးအောင်မသင်ကြား နိုင်သည့်အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း သင်ယူနိုင်ခြင်းမရှိသဖြင့် လူငယ်လူရွယ်များလေလွင့်ပြီး အဖျက်ဘက်သို့ အလွယ်တကူရောက်ရှိသွားနိုင်သည်။ အသိပညာအားနည်းသဖြင့် အမှားအမှန်ဆင်ခြင်တုံတရား အားနည်းခြင်းသည်လည်း အဆိုးဘက်သို့ရောက်နိုင်သည်။ စာရိတ္တမဏ္ဍိုင်ဘက်၌ ဘုန်းတော်ကြီးသင်ပညာရေး အားနည်းသွားခြင်းသည် အကြောင်းအချက်တစ်ခုဖြစ်သည်။
ထို့ကြောင့် ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများပါမကျန် စာကြည့်တိုက်များဖွင့်လှစ်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ထွန်းကားလာရေးကို ယခုထက်ပိုမိုအလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါအခြေခံပညာ အလယ်တန်းအဆင့် (KG+9)ကို မသင်မနေရ အဆင့်သတ်မှတ်ပြီး ပညာရေးအဆင့် မြှင့်တင်နေသည်။ အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးရုံသာမက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူပညာရပ်များ သင်ကြားပေးနေသည်။
သို့ဖြစ်ရာ အနာဂတ်နိုင်ငံတော်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာများ ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များ နိုင်ငံတော်တစ်ဝန်း၌ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ကြ၍ အေးချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်တွင် လူကောင်းလူတော်များ ပိုမိုပါဝင်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3413 items
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
