ဒီမိုကရေစီနိုင်ငံတော်သစ်ကို တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း
ဒီမိုကရေစီနိုင်ငံတော်သစ်ကို တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း
Ministry of Information/ Naypyitaw / April 07, 2026
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် လွတ်လပ်ရေးရပြီးချိန်ကတည်းက နိုင်ငံရေးလှိုင်းတံပိုးရိုက်ခတ်မှုအခက်အခဲမျိုးစုံကြားမှ ကြမ်းတမ်းစွာဖြတ်သန်းလာခဲ့ရသည်။ ခေတ်အဆက်ဆက်အစိုးရများက နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အဖျက်အမှောင့်အမျိုးမျိုးတို့ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။
တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လမ်းခင်းပုံဖော်ပေးခဲ့ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီ၏ မဲမသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကိုရယူပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီစနစ်ကို ပြန်လည်တည့်မတ်ဖော်ဆောင်ပေးရေးစသည့် လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်ကာလသတ်မှတ်ပြီး စိန်ခေါ်မှုမျိုးစုံနှင့် အခက်အခဲများကြားမှ နိုင်ငံကို ပြန်လည်တည်ဆောက်ခဲ့သည်။ ထိုသို့တည်ဆောက်ရာတွင် ကမ္ဘာနှင့်တစ်ဝန်း ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို စတင်ရင်ဆိုင်ခဲ့ရပြီး တစ်ဆက်တည်းပင် အမှား၊ အမှန် အကောင်းအဆိုးမသိ၊ အဖျက်အမှောင့်ပယောဂများကိုအခြေခံသည့် ဆူပူအကြမ်းဖက်မှုများ တစ်နိုင်ငံလုံး ပျံ့နှံ့ဖြစ်ပေါ်ခဲ့သည်။ “တောမီးလောင်၊ တောကြောင်လက်ခမောင်းခတ်”၊ “ပွဲလန့်တုန်းဖျာခင်း”လိုသည့် ပြည်တွင်း၊ ပြည်ပအကြမ်းဖက်အဖွဲ့အစည်းများက မီးလောင်ရာလေပင့်ပြီး အကြမ်းဖက်မှုများကို ဝိုင်းဝန်းဖော်ဆောင်ခဲ့သဖြင့် နိုင်ငံနှင့်ပြည်သူ ဆင်းရဲဒုက္ခမျိုးစုံ ရောက်ခဲ့ကြသည်။
တစ်ဆက်တည်းပင် ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂီ မုန်တိုင်းနှင့် ၂၀၂၅ ခုနှစ်တွင် အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးစသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ဆက်တိုက်တွေ့ကြုံခံစားခဲ့ရသည်။ ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများနှင့် အင်အားကြီးမားသည့် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံတော်နှင့်ပြည်သူ ထိခိုက်ဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ဖွံ့ဖြိုး တိုးတက်စပြုနေသည့်အရှိန်အဟုန် ရပ်တန့်သကဲ့သို့ ဖြစ်ခဲ့ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ဦးမော့လာရေးတို့ကို ကြိုးပမ်းရုန်းကန်ဆောင်ရွက်ခဲ့သည်။
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကို ဧပြီ ၅ ရက်က ကျင်းပပြုလုပ်ခဲ့ရာ ရွေးချယ် တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလအစအဆုံးတွင် ပေးအပ်သည့်တာဝန်များကို သစ္စာရှိရှိဖြင့် ကျေပွန်အောင်ကြိုးစားထမ်းဆောင်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်လည်း မကြာမီရက်ပိုင်းအတွင်း၌ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်၊ အစိုးရနှင့်ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို မိမိအနေဖြင့် လေးလေးစားစားအသိအမှတ်ပြုကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်ကို ချမှတ်ပေးထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်ရသည်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ သာမန်အချိန်၌ပင် မလွယ်ကူသည့်တာဝန်များကို ၅ နှစ်တာကာလအတွင်း အခက်အခဲမျိုးစုံကြားမှ လုပ်ဆောင်ရခြင်းသည် ပိုမိုခက်ခဲကြမ်းတမ်းသည်။ မည်သည့်လုပ်ငန်းတွင်မဆို ခေါင်းဆောင်မှုသည် အလွန်အရေးကြီးသည်။ ယခုရွေးချယ်တင်မြှောက်ခံရသည့် နိုင်ငံတော်သမ္မတကြီးသည် ၅ နှစ်တာကာလ၏ အခက်အခဲ များ၊ အန္တရာယ်များ၊ အကျပ်အတည်းများကို ကောင်းစွာသိရှိနားလည်ပြီး သစ္စာရှိသည့် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ရိုးရိုးသားသား၊ တက်တက်ကြွကြွ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းထမ်းဆောင်ခဲ့သဖြင့် နိုင်ငံတော်၏အနာဂတ်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်မည့် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏သမိုင်းတွင် နိုင်ငံ၏ အန္တရာယ်ရန်စွယ်ကျရောက်မည့် အချိုးအကွေ့တစ်ခုကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး နိုင်ငံကို မူလရည်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်တည့်မတ်လွှဲပြောင်းပေးနိုင်ခဲ့သည့် သမိုင်းမော်ကွန်းတစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ရာ ၅ နှစ်တာကာလအတွင်း နိုင်ငံတော်ကို အကောင်းဆုံးဖြစ်အောင် အခက်အခဲမျိုးစုံကြားမှ လက်တွဲကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ အနာဂတ်နိုင်ငံတော်ကို ဆက်လက်တည်ဆောက်ရာတွင်လည်း အတွေ့အကြုံအမြော်အမြင်ပြည့်ဝစွာ အကောင်းဆုံးထမ်းဆောင်နိုင်သည့် ခေါင်းဆောင်သစ်နှင့်အတူ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3493 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
