ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၊ တပ်မတော်ဆေးရုံတွင်တက်ရောက်ကုသနေသူမျာအားကြည့်ရှုအားပေး
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၊ တပ်မတော်ဆေးရုံတွင်တက်ရောက်ကုသနေသူမျာအားကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / May 29, 2026
နေပြည်တော် မေ ၂၉
ဒုတိယတပ်တော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်မတော်ဆေးရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)အရာခံ/အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသားစားရိပ်သို့ရောက်ရှိပြီး ရိက္ခာ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်များအား စတိုခန်းများအတွင်းထားရှိမှုအခြေအနေများ၊ ချက်ပြုတ်နေမှုနှင့် ကျွေးမွေးရန်ပြင်ဆင်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စားရိပ်သာများအတွင်း ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် ခြင်ယင်များမရှိစေရန် ဆေးဖျန်းခြင်းများဆောင်ရွက်ရန်၊ စတိုအတွင်း ရိက္ခာများအားသန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျထားရှိရန်၊ ရိပ်သာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်၊ ချက်ပြုတ်ကျွေးမွေးရာတွင် သတ်မှတ်နှုန်းထားများအတိုင်း အာဟာရပြည့်မီစွာဖြင့် ကျွေးမွေးနိုင်ရေး စေတနာထားဆောင်ရွက်ရန်တို့မှာကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် သင်တန်းကျောင်းဝန်းအတွင်း လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များနှင့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ပြခန်းတွင်း ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
နေ့လယ်ပိုင်းတွင် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) မြဝတီစားရိပ်သာတွင် ခြေလျင်တပ်ရင်းမှူးသင်တန်းမှ သင်တန်းသားများနှင့်အတူ နေ့လယ်စာကိုအတူတကွသုံးဆောင်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တပ်ရင်းရုံး၌ တပ်ရင်းမှူးက ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စံပြစိုက်ပျိုးမွေးမြူရေးဇုန်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားဆောင်ရွက်ရာတွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းအောင်လုပ်ဆောင်ကြရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည်နှင့်အညီ ဒေသတွင်းစံပြဖြစ်အောင်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် မျိုးစေ့များခင်းကျင်းပြသထားမှုကိုကြည့်ရှုကြပြီး တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ Green House အတွင်း ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ မျိုးစေ့ထုတ်ပိုးခန်းအတွင်း ရုံးပတီ၊ ရွှေဖရုံ၊ ချဉ်ပေါင်၊ တိုင်ထောင်ပဲ၊ ဘူး၊ မုံညင်း၊ မုန်လာဥနှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့များထုတ်ပိုးနေမှုနှင့် သိုလှောင်ခန်းအတွင်း မျိုးစေ့များသိုလှောင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ နယ်မြေခံဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊စစ်သည်များနှင့် မိသားစုဝင်များ၏ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက် ကောင်းမွန်လာမှု အခြေအနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နိုင်တော်အကြီးအကဲမှ ဖြည့်ဆည်းပေးထားသည့် Portable Digital Dental သွားဓာတ်မှန်စက်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ကွန်ပျူတာဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကို အလွှာလိုက်ဓာတ်မှန်ရိုက်စစ်ဆေးနိုင်သည့် CT Scan စက်အသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်နန်းကူးကူနှင့်အဖွဲ့ဝင်များသည် အမျိုးသမီးနှင့်ကလေးကုသဆောင်သို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအားလိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ကြသည်။
ထို့နောက် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ/စစ်သည်၊ မိသားစုဝင်များနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3540 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
