ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက်အားပေး
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက်အားပေး
Ministry of Information/ Naypyitaw / October 26, 2024
နေပြည်တော် အောက်တိုဘာ ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့တွင် နေပြည်တော်ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအမှူးများ တက်ရောက်အားပေးကြသည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင် စုစုပေါင်း ၃၅ ဦးတို့က လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအမှူးများက လိုက်လံကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကို ပေးအပ်ကြသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ သက်ဆိုင်ရာဆေးရုံများနှင့် သွေးဌာနများတွင် ပြုလုပ်ခဲ့ရာ စုစုပေါင်း (၂၁၀) သွေးလှူဒါန်းကြကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁၄) ကြိမ်မြောက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2965 items
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download