ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မန္တလေးငလျင်ကြီးဒဏ်သင့် နည်းပညာတက္ကသိုလ် (တောင်ကြီး) ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မန္တလေးငလျင်ကြီးဒဏ်သင့် နည်းပညာတက္ကသိုလ် (တောင်ကြီး) ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 21, 2025

နေပြည်တော် ဧပြီ ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပင်မသုံးထပ်ဆောင် Lobby ဧရိယာ အရှေ့ဘက်နှင့် အနောက်ဘက်၊ ပင်မသုံးထပ်ဆောင် မြေညီထပ်ရှိ အခန်းများ၊ ဘွဲ့နှင်းသဘင်ခန်းမအတွင်း အပြင်များနှင့် ပင်မသုံးထပ်ဆောင်ရှိ အခြားထိခိုက်ပျက်စီးမှုများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များတွင် သာမန်အငယ်စားထိခိုက်ပျက်စီးမှု အခြေအနေများ၊ အကြီးစားထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ Rapid Evaluation Safety Assessment Form Level-2 ဖြင့် ဆက်လက်စစ်ဆေးရန်၊ ပြန်လည်ပြုပြင်သည့်အခါ စံအရည်အသွေးပြည့်မီမှုနှင့် စစ်ဆေးကွပ်ကဲမှုတို့ဆိုင်ရာ လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ရှမ်းပြည်နယ်) နှင့် ဒေသခံအင်ဂျင်နီယာအဖွဲ့များက ကွင်းဆင်းစစ်ဆေးမှုမှတ်တမ်းများ၊ ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်မည့် လျာထားလုပ်ငန်းများ၊ ကျောင်းဖွင့်နိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးအဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မိမိတို့၏ ရည်မှန်းချက်တာဝန်ဖြစ်သည့် နိုင်ငံတော်က အမှန်တကယ်အားထားရသည့် မျိုးဆက်သစ်အင်ဂျင်နီယာလူငယ်ကောင်းများကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး၊ ဤတက္ကသိုလ်ရှိ ကျောင်းသားများသည် ငလျင်ဒဏ်မခံရသော အခြားတက္ကသိုလ်များရှိ ကျောင်းသားများ၏ ပညာသင်ကာလနှင့် တစ်ပြေးညီဖြစ်စေရေးတို့အတွက် လာမည့်ကျောင်းဖွင့်ချိန်၌ သင်တန်းများကို ပုံမှန်အတိုင်းဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အင်တိုက်အားတိုက် ဆောင်ရွက်ရန်၊ MSME နှင့် ဒေသအကျိုးပြုလုပ်ငန်းများတွင် အရှိန်အဟုန်မပြတ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
