ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / March 23, 2026
နေပြည်တော် မတ် ၂၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ယမန်နေ့မွန်းလွဲပိုင်းက ရောက်ရှိရာ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအရ တက္ကသိုလ်အဝင်နှင့် လမ်းနေရာပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ အဓိပတိလမ်းတစ်လျှောက် ပလက်ဖောင်းနှင့် လမ်းမီးတိုင်များ ဆောင်ရွက်ပြီးစီးမှု၊ အလှရေကန်များ ဆောင်ရွက်ပြီးစီးမှု၊ တက္ကသိုလ်ဘောလုံးကွင်းတည်ဆောက်ပြီးစီးမှုနှင့် ပြေးလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ တက္ကသိုလ်ဥပဓိရုပ်တင့်တယ်စေရေးနှင့် သန့်ရှင်းသပ်ရပ်သာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပညာသင်နှစ်နှင့် အင်ဂျင်နီယာဘာသာရပ်အလိုက် ပင်မသုံးထပ်ဆောင်ရှိ စာမေးပွဲခန်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။
ပေးအပ်လှူဒါန်း
ယင်းနောက် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၂၀၂၆ ခုနှစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်က “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” အမျိုးသားရေး ဆောင်ပုဒ်များနှင့်အညီပြသခဲ့သည့် စိုက်ပျိုးရေးကုန်ကြမ်းအခြေပြု MSME လုပ်ငန်းသုံး Portable Solar Dryer ကို ကြည့်ရှုစစ်ဆေးကာပြပွဲကာလ၌ နည်းပညာတောင်းခံမှုများကို ဖြည့်ဆည်းပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စာမေးပွဲဖြေဆိုပြီးစီး၍ စာမေးပွဲခန်းများမှ ထွက်ခွာလာကြသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး ဖြေဆိုနိုင်မှုအခြေအနေ၊ Academic Calendar အရ သုတေသနစီမံကိန်းများ၊ စက်ရုံအလုပ်ရုံ ချိတ်ဆက်မှုနှင့် အတွေ့အကြုံရရှိစေရေး ဆောင်ရွက်မည့် အစီအစဉ်များကိုမေးမြန်းကာ နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် အမှန်တကယ်အားထားရမည့် ဗလငါးတန်နှင့်ပြည့်စုံ၍ ကျင့်ဝတ်များကိုလိုက်နာသော အင်ဂျင်နီယာ လူငယ် လူကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ Agro-based Industries ၊ MSME များ၊ ဆိုလာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေး သုတေသနစီမံကိန်းများကို အဖွဲ့လိုက်ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3478 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
