ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် နောင်ချိုမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / September 13, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၂

နောင်ချိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (နောင်ချို)၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူနေမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးပြီး မူလတန်းကျောင်းသား ကျောင်းသူများကို ကျောပိုးအိတ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည် တို့ကို ပေးအပ်သည်။

ထို့နောက် နောင်ချိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပညာရေးမှူးများ၊ နောင်ချိုမြို့ပေါ်ရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံရာ ဒုတိယဝန်ကြီးက နောင်ချိုမြို့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်သည်မှာ အချိန်ကာလတိုတောင်းသော်လည်း ပြန်လည်ဖွင့်လှစ်သည့် ကျောင်းအရေအတွက်နှင့် ပြန်လည်တက်ရောက်သည့် ကျောင်းသား ကျောင်းသူအရေအတွက်သည် တစ်နေ့ထက်တစ်နေ့ ပုံမှန်တိုးတက်နေသည်ဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပိတ်ထားသည့်ကျောင်းများ ပြန်လည်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ ဆရာမများ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း။

နိုင်ငံတော်က သက်ဆိုင်ရာအတန်းအလိုက် အခမဲ့ပေးဝေသည့် ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်စသည့် သင်ထောက်ကူပစ္စည်းများကို ကျောင်းသား ကျောင်းသူအားလုံးထံသို့ လက်ဝယ်အရောက် အပြည့်အစုံပေးဝေကြရမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို စာတတ်အောင်သင်ပေးရန်၊ အားကစားနှင့် ကာယပညာလေ့ကျင့်မှုများ စာသင်ချိန်အလိုက် ဆောင်ရွက်ကြရန်နှင့် ကျောင်းစာကြည့်တိုက်များကို အကျိုးရှိထိရောက်အောင် အသုံးချဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ကျောင်းအုပ်များ၊ ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ နောင်ချိုမြို့နယ် အခြေခံပညာမူလတန်းကျောင်း (ဘော်ရွာ/ရွှေညောင်ပင်)၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (အုမ္မသီး)၊ အခြေခံပညာအလယ်တန်းကျောင်း (ရေဝင်-ပင်စုံ)၊ ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝက်ဝံ)နှင့် အခြေခံပညာအထက်တန်းကျောင်း (မိုးကြိုးပစ်ရွာ)များသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး ကာလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3284 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download