ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဗဟိုလေကြောင်းထိန်းသိမ်းမှု ကွပ်ကဲရေးစင်တာနှင့် လေကြောင်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဗဟိုလေကြောင်းထိန်းသိမ်းမှု ကွပ်ကဲရေးစင်တာနှင့် လေကြောင်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Ministry of Transport and Communications/ Naypyitaw / March 03, 2025

ရန်ကုန်၊ မတ် ၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဗဟိုလေကြောင်းထိန်းသိမ်းမှုကွပ်ကဲရေးစင်တာနှင့် လေကြောင်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Air Traffic Management Centre - ATMC အစည်းအဝေးခန်းမ၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လေကြောင်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီ လေကြောင်းလုပ်ငန်းသည် မိမိနိုင်ငံ၏ လေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းလျက်ရှိသော ခရီးသည်/ကုန်စည်တင်ဆောင်ပျံသန်းလျက်ရှိသော လေယာဉ်ကြီးများ၊ မိမိနိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဆင်းသက်/ထွက်ခွာမည့် လေယာဉ်/ရဟတ်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနေရသည့်အတွက် အဓိကအရေးပါပြီး နိုင်ငံတော်ဘဏ္ဍာအတွက် နိုင်ငံခြားငွေရရှိရေး ဆောင်ရွက်ပေးနေရသောကြောင့် ဂုဏ်ယူရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လေကြောင်းထိန်းဝန်ထမ်းများ ခါးဆက်မပြတ်စေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်မြင့်လာစေရေးအတွက် အခြေခံသင်တန်းမှစ၍ မွမ်းမံသင်တန်းများအပါအဝင် သက်ဆိုင်သည့်သင်တန်းများကို ဖွင့်လှစ်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ် ၁၉ အပြီး ကမ္ဘာ့လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် ဖြတ်ကျော်ပျံသန်းသည့် လေယာဉ်ကြီးများ အရေအတွက်များပြားလာသောကြောင့် ယင်းလေယာဉ်ကြီးများကို အန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ထိန်းကျောင်းနိုင်သည့် မျိုးဆက်သစ်လေကြောင်းထိန်းများကို အစီအမံရေးဆွဲ၍ မွေးထုတ်သွားရမည်ဖြစ်ကြောင်း၊ လေကြောင်းထိန်းဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားပြီး ယုံကြည်မှုအပြည့်ဖြင့် လေကြောင်းထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူဖြည့်တင်းပေးထားသော SCANSIM 3D Tower Simulator နှင့် Area Control Simulator များဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားသွားရမည်ဖြစ်ကြောင်း မှားကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗဟိုလေကြောင်းထိန်းသိမ်းမှု ကွပ်ကဲရေးစင်တာရှိ SCANSIN 3D SIMULATOR လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊ Area Control Center ရှိ လေကြောင်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဗဟိုလေကြောင်းထိန်းသိမ်းမှုကွပ်ကဲရေးစင်တာနှင့် လေကြောင်းထိန်းတာဝါတွင် တာဝန်ထမ်းဆောင်နေကြသော လေကြောင်းထိန်းဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန


Newspaper - 3095 items

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်၊ မတ် ၂ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်၊ မတ် ၁ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ ဖေဖော်ဝါရီ ၂၈ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်၊ ဖေဖော်ဝါရီ ၂၇ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၂၆ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download