ဒုတိယဝန်ကြီး ဦးအောင်မြိုင် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)၌ လူစီးတွဲနှင့်ကုန်တွဲများ တည်ဆောက်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)၌ လူစီးတွဲနှင့်ကုန်တွဲများ တည်ဆောက်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / July 13, 2025

နေပြည်တော် ဇူလိုင် ၁၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများ၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)မှ တာဝန်ရှိသူများနှင့်အတူ ရထားလမ်းပိုင်းအသီးသီး၌ အသုံးပြုပြေးဆွဲနေသည့် လူစီးတွဲနှင့်ကုန်တွဲများ မြစ်ငယ်စက်ရုံအတွင်း တည်ဆောက်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် စက်ရုံအတွင်း လူစီးတွဲနှင့်ကုန်တွဲများ ပုံမှန်အချိန်ကျ ပြုပြင်မွမ်းမံမှုများကို စနစ်တကျစစ်ဆေးဆောင်ရွက်ရန်၊ ရထားတွဲများ ကြံ့ခိုင်မှုကောင်းမွန်စေရန်အတွက် အဆင့်လိုက်စစ်ဆေးပြုပြင်မှုများ ပုံမှန်ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်းများနှင့် လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှုတို့ကို အလေးထားလိုက်နာဆောင်ရွက်ရန်၊ စက်အပိုပစ္စည်း (Spare Parts) များကို စနစ်တကျသိုလှောင် ထိန်းသိမ်းထားရှိရန်၊ လူစီးတွဲနှင့်ကုန်တွဲများ ပြုပြင်ရာတွင်လည်း အချိန်မီပြုပြင်ပြီးစီးရေးနှင့် တွဲများ၏ အရည်အသွေးပြည့်ဝစေရေး အလေးထားပြုပြင်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)၌ အသစ်တပ်ဆင်ထုတ်လုပ်နေသည့် လူစီးတွဲသစ်များ အချိန်မီပြီးစီးရေး၊ ကုန်တွဲများ အချိန်မီပြုပြင်ပြီးစီးရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှုတိုးတက်စေရေး၊ စက်ရုံရှိစက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင်ကောင်းမွန်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျစီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်၏ ရထားပို့ဆောင်ရေးကဏ္ဍမြှင့်တင်ရန်အတွက် လူစီးတွဲနှင့် ကုန်တွဲများ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးမှာ အရေးကြီးသဖြင့် စက်ရုံများအနေဖြင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်ပြီး ဘေးကင်းလုံခြုံသည့်ရထားဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သည့်ရထားတွဲများ ထုတ်လုပ်နိုင်ရေး ကြိုးစားအားထုတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3222 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download