ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်
ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်
Ministry of Transport and Communications/ Naypyitaw / September 22, 2025

နေပြည်တော်၊ စက်တင်ဘာ ၂၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက် (The Second International Technology Congress-ITC) သို့ တက်ရောက်ရန် စက်တင်ဘာလ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး စက်တင်ဘာလ (၂၀) ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတကာနည်းပညာကွန်ဂရက်အား ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၂၄ ခုနှစ်မှ စတင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယခုပြုလုပ်သည့် ကွန်ဂရက်သည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပါသည်။ မော်စကိုမြို့ရှိ Patriot Expo တွင် ၃ ရက်ကြာ ပြုလုပ်ခဲ့သည့် ကွန်ဂရက်တွင် မျက်နှာစုံညီအစည်းအဝေး (Plenary Session) များ၊ ခေါင်းစဉ်အလိုက် ပြုလုပ်သည့် နည်းပညာဖိုရမ်များ၊ နည်းပညာသစ်များကို သရုပ်ဖော်ပြသသည့် Demonstration Session များကို သီးခြားစီ ပြုလုပ်ခဲ့သည်။ ကွန်ဂရက်ကာလအတွင်း ရုရှားနိုင်ငံမှ နည်းပညာကုမ္မဏီကြီးများမှလည်း ပြခန်းများဖွင့်လှစ်ပြသခဲ့သည်။
ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်၏ International Plenary Session အား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် စိတ်ချယုံကြည်ရသည့် နည်းပညာများ (Digital Compass. Partner Dialogue: course towards trusted technologies) ခေါင်းစဉ်ဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီတွင်ကျင်းပရာ ဒုတိယဝန်ကြီးမှလည်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ဒုတိယအကြိမ်နိုင်ငံတကာနည်းပညာကွန်ဂရက်၏ “International cooperation for the development of next-generation industrial automation systems forum” အား စက်တင်ဘာလ (၁၇) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးမှ စက်မှုလုပ်ငန်းများတွင် လူသားကြီးကြပ်မှုမလိုဘဲ အလိုအလျောက်ဆောင်ရွက်သည့် automation စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်ရမည့်အကြောင်းအရာများ ခေါင်းစဉ်ဖြင့် အထူးအမှာစကား ပြောကြားခဲ့သည်။
ဒုတိယအကြိမ်နိုင်ငံတကာနည်းပညာကွန်ဂရက်၏ ဒုတိယအကြိမ် International Plenary Session အား လုပ်သားများ၏ထုပ်လုပ်မှုအား မြှင့်တင်ပေးရာတွင် နည်းပညာသစ်များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စက်တင်ဘာလ (၁၈) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးမှလည်း အထူးအမှာစကား ပြောကြားခဲ့သည်။
အစည်းအဝေးများတွင် ဒုတိယဝန်ကြီးက စိတ်ချယုံကြည်ရသည့် နည်းပညာများ (trusted technologies) များကို မြန်မာနိုင်ငံအပါအဝင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် မိတ်ဖက်နိုင်ငံများအားလုံး ပါဝင်အသုံးပြုနိုင်စေရန်အချက်များကိုလည်းကောင်း၊ ဆိုက်ဘာလုံခြုံရေး မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများကိုလည်းကောင်း၊ စက်မှုလုပ်ငန်းသုံး အလိုအလျောက်စနစ်ကို အားလုံးပါဝင်နိုင်သည့်ပုံစံမျိုးဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဒစ်ဂျစ်တယ်နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာနှင့် လက်တွဲပြီး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြုလုပ်သည့် ရုရှား-အာဆီယံ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့လည်း ပါဝင်တက်ရောက်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဂြိုလ်တုဆက်သွယ်ရေး၊ အီးကောမာ့စ်၊ အိုင်တီပစ္စည်းများနှင့် Software ထုတ်လုပ်သည့် ကဏ္ဍများတွင် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အာဆီယံနိုင်ငံများကိုယ်စား ပါဝင်ဆွေးနွေးခဲ့ပါသည်။
ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်တွင် ပြသထားသည့် ပြခန်းများသို့ ရုရှားနိုင်ငံစက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ယခုနှစ်ပြုလုပ်သည့် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း (၄၀၀) ကျော် ပါဝင်တက်ရောက်ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper - 3294 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download