ဒုတိယဝန်ကြီး ဦးအောင်မြိုင် နေပြည်တော် - မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဂုတ်ထိပ်တံတားပြုပြင်နေမှု၊ ကျောက်မဲမြို့ရှိ ဝန်ကြီးဌာနအောက်မှ ဝန်ထမ်းများအားတွေ့ဆုံ၍ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကျောက်မဲဘူတာတို့အား ကြည့်ရှုစစ်ဆေး


Ministry of Transport and Communications/ Naypyitaw / October 25, 2025
image_latest


နေပြည်တော်၊ အောက်တိုဘာ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ  မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ နေပြည်တော် - သာစည် - သဲတော - မန္တလေး ရထားလမ်းပိုင်းတွင် မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ရထားလမ်းပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ ပြင်ဦးလွင်ဘူတာ၊ နောင်ချိုဘူတာ၊ ဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတား သံဘောင်ပျက်စီးမှုအား ပြန်လည်ပြုပြင်နေမှု အခြေအနေ၊ နောင်ပိန်ဘူတာ၊ ကျောက်မဲဘူတာစစ်ဆေးခြင်း၊ ကျောက်မဲမြို့ရှိ ဝန်ကြီးဌာနအောက်မှ ဝန်ထမ်းများအားတွေ့ဆုံ၍ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)တွင် လူစီးတွဲများ ထုတ်လုပ်ပြုပြင်နေမှု အခြေအနေတို့အား စစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် နေပြည်တော် - သာစည် - သဲတော - မန္တလေး ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး တံတားအဝင်/အထွက် နေရာများတွင် ခုန်စောင့်လူး မဖြစ်စေရေး Run Off Frame များ စနစ်တကျ တပ်ဆင်သွားရန်၊ ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်၊ ရထားလမ်းတာပေါင်ကျဉ်းသော နေရာများတွင် သတ်မှတ်အကျယ်ရရှိအောင် စနစ်တကျဆောင်ရွက်ရန် ၊ ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျဖြည့်သွင်းပြီး Hand Tamp Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်း လုပ်ငန်းအား သေချာစွာဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်း အသစ်ပြန်လည်တည်ဆောက်ရမည့် တံတားအမှတ် ၆၇၇ ၊ ၆၉၁ ၊ ၇၃၉ နှင့် ၇၇၁ တို့အတွက် Soil Test စနစ်တကျ ဆောင်ရွက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြင်းထန်သော မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘူတာများနေရာ၌ ဘူတာအသစ်များ အမြန်အစားထိုး တည်ဆောက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်ဘူတာ၊ နောင်ချိုဘူတာ၊ ဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတား သံဘောင်ပျက်စီးမှုအား ပြန်လည်ပြုပြင်နေမှုအခြေအနေ၊ နောင်ပိန်ဘူတာနှင့် ကျောက်မဲဘူတာများကို သွားရောက်စစ်ဆေးခဲ့ပြီး ဘူတာနှင့် ယာဒ်ဝင်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်၊ ချုံနွယ်များ ရှင်းလင်းသွားရန်၊ ရထားပြန်လည်ပြေးဆွဲနိုင်ရေး လမ်းပိုင်းကြံ့ခိုင်မှု အခြေအနေတို့အား ပုံမှန်စစ်ဆေးသွားရန်နှင့် ရထားလမ်းဘေးရှိ မြက်၊ ချုံများ ရှင်းလင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားခဲ့ပြီး ဂုတ်ထိပ်တံတား သံဘောင်သစ် ပြန်လည်တပ်ဆင်မှု အခြေအနေနှင့် စပ်လျဉ်း၍ သမိုင်းအမွေအနှစ်တံတားဖြစ်သဖြင့် မူလလက်ရာဒီဇိုင်းအတိုင်းဖြစ်အောင် စနစ်တကျ ဂရုစိုက်၍ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ကျောက်မဲမြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ကျောက်မဲခရိုင်မှ ဝန်ကြီးဌာနအောက် ဌာန/အဖွဲ့အစည်းများရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဌာန/အဖွဲ့အစည်းအစည်းများအလိုက် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာ၌ စေတနာထား ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ သွားရောက်စစ်ဆေးခဲ့ပြီး  လူစီးတွဲနှင့်ကုန်တွဲများ အချိန်မီပြုပြင်ပြီးစီးရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး ၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper - 3329 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download