ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ အခမ်းအနား တက်ရောက်


Ministry of Transport and Communications/ Naypyitaw / October 30, 2025
image_latest


နေပြည်တော်၊ အောက်တိုဘာ ၂၉

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ NESCO Exhibition Centerတွင် ကျင်းပပြုလုပ်သည့် အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ် - ၂၀၂၅ (INDIA MARITIME WEEK - 2025) အခမ်းအနား တက်ရောက်လျက်ရှိသော ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ဂျာဝါဟာနေဟူ ဆိပ်ကမ်းအာဏာပိုင်(Jawaharlal Nehru Ports Authority) မှ ကျင်းပပြုလုပ်သည့် ကုန်ပစ္စည်းများ ဖြန့်ဝေမှုကွင်းဆက်အား ခိုင်မာအောင်တည်ဆောက်ခြင်း (Fortifying Global Supply Chains) အခမ်းအနားသို့  အိန္ဒိယနိုင်ငံ၊ ပြည်နယ်၊ ဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီး  Shri Sahntanu Thakur  နှင့်အတူ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားကို ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးနှင့် ထုတ်လုပ်မှု ဗဟိုချက်အဖြစ် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်ရပ်တည်ချက်တွင် ခိုင်မြဲစေရန်၊ ရေကြောင်းကုန်သွယ်မှုဆိုင်ရာ အခြေခံအဆောက်အုံများ အားကောင်းစေရန်၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချော့မွေ့စေရန်နှင့် ဘက်စုံကဏ္ဍချိတ်ဆက်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

ယင်းအခမ်းအနားတွင် အိန္ဒိယရေကြောင်းဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အခမ်းအနား၏ ဆောင်ပုဒ်ဖြစ်သော "Logistics Reinvented" သည် ဆွေးနွေးရန်အတွက်သာမဟုတ်ဘဲ မရှိမဖြစ်လိုအပ်သည့်ကိစ္စရပ်ဖြစ်ပါကြောင်း၊ ခိုင်မာမှုရှိသော ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ခြင်းသည် သက်ဆိုင်ရာနိုင်ငံနှင့် ဒေသတွင်းစီးပွားရေး တိုးတက်သာယာဝပြောမှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် တောင်အာရှနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအတွက် ဆက်သွယ်မှုဗဟိုချက် နေရာတွင် တည်ရှိနေပါကြောင်း၊ အနောက်ဘက်တွင် အိန္ဒိယ၏ရှည်လျားသော ကမ်းရိုးတန်းတည်ရှိနေပြီး အရှေ့ဘက်အာဆီယံနိုင်ငံများအတွက်  ရေကြောင်းကုန်သွယ်မှုတံခါးပေါက်အဖြစ် တည်ရှိနေပါကြောင်း၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တစ်လျှောက် ရှည်လျားသော ကမ်းရိုးတန်းရှိနေခြင်းကြောင့် ဒေသဆိုင်ရာဆက်သွယ်မှု  ကွင်းဆက်တွင် အရေးကြီးသော ချိတ်ဆက်မှုတစ်ခု ဖြစ်နေပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်ပင်လယ် ကမ်းရိုးတန်းနှင့် ASEAN နိုင်ငံများဖြစ်သည့် မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ စျေးကွက်များကြားတွင် သယ်ယူပို့ဆောင်ရေးအတွက် အချိန်နှင့် ကုန်ကျစရိတ်များကို သိသာစွာလျှော့ချနိုင် မည်ဖြစ်ပါကြောင်း၊ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ အကောင်အထည်ဖော်လျှက်ရှိသော စစ်တွေဆိပ်ကမ်းနှင့် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏အရှေ့ဘက် ဆိပ်ကမ်းများကို မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်များနှင့် ချိတ်ဆက်ပေးသည့် လမ်းကြောင်းတစ်ခုဖြစ်သည့်အပြင်  စစ်တွေမြို့သည်လည်း အဓိကပင်လယ်ရေကြောင်း ဝင်ပေါက်အဖြစ် စီးပွားရေးစင်္ကြံ အသစ်တစ်ခုဖြစ်ပါကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းသည်လည်း အိန္ဒိယမှအာဆီယံဗဟိုသို့ တိုက်ရိုက်ဆက်သွယ်နိုင်သော ကုန်းလမ်းကြောင်းတစ်ခုဖြစ်ပါကြောင်း၊ အနာဂတ်တွင် ပြည်တွင်းထောက်ပံ့ပို့ဆောင်ရေး ခေတ်မီရေးနှင့် ဆိပ်ကမ်းများခေတ်မီရေးတို့ကို ဆောင်ရွက်ခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် Single Window စနစ်များနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အကောင်အထည်ဖော်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် ပုဂ္ဂလိကကဏ္ဍများပါဝင်စေရန် ဆွဲဆောင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံကို ဖြတ်သန်းသွားရုံသာမကဘဲ ထိရောက်၍ ကုန်ကျစရိတ်သက်သာစေပြီး အကျိုးပြုသည့် ထောက်ပံ့ပို့ဆောင်ရေး ဂေဟစနစ်တစ်ခုဖန်တီးရန် လူသားအရင်းအမြစ် ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာလွှဲပြောင်းမှုကဏ္ဍတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက်အိန္ဒိယနိုင်ငံ၊ ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံ၊ ပြည်နယ်၊ ဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီးအောက်ရှိ ဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ MOU လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

ကုန်ပစ္စည်းများ ဖြန့်ဝေမှုကွင်းဆက်အား ခိုင်မာအောင်တည်ဆောက်ခြင်း (Fortifying Global Supply Chains) အခမ်းအနားကို အောက်တိုဘာလ ၂၈ ရက် နေ့လယ် (၁၄:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရေကြောင်းနှင့်ဆိပ်ကမ်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စက်မှုလုပ်ငန်းဆိုင်ရာ ဦးဆောင်သူများနှင့် ရေကြောင်းစီးပွားရေးဆိုင်ရာ ရင်းနှီးမြုပ်နှံလိုသူများအပါအဝင် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားပြီးဆုံးသည့်နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ပြည်နယ်၊ ဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးဆောင်သောအဖွဲ့နှင့် နှစ်နိုင်ငံ(Bilateral)တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကိစ္စရပ်များဖြစ်သော ကမ်းရိုးတန်းသွားသင်္ဘောများဆိုင်ရာ သဘောတူစာချုပ်နှင့် အဆိုပါသဘောတူစာချုပ်၏ စံပြုလုပ်ငန်းစဉ်များ (Coastal Shipping Agreement and its Standard Operating Procedures)၊ သင်္ဘောသားများ၏ လေ့ကျင့်ခြင်းနှင့် လက်မှတ်များကို အသိအမှတ်ပြုခြင်း နားလည်မှုစာချွန်လွှာ (Undertaking concerning the Recognition of Training and Certification for Seafarers)၊ သင်္ဘောသားများအတွက် သဏ္ဌာန်တူသရုပ်ပြ အခြေခံလေ့ကျင့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် စာမေးပွဲစနစ်(Simulator based Training Assessment and Exam System for Seafarers)၊ သင်္ဘောများကို တာဝေးမှ ခြေရာခံ၍ ထောက်လှမ်းကြည့်ရှုခြင်းစနစ်(Long-Range Identification and Tracking of Ship (LRIT) နှင့် အိန္ဒိယနိုင်ငံသို့ဝင်ရောက်မည့် မြန်မာမှတ်ပုံတင် သင်္ဘောများအတွက် အကာအကွယ်ပေးရေးနှင့် လျော်ကြေးဆိုင်ရာ အာမခံကိစ္စရပ်များ(Protection and Indemnity-P&I) တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။  

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper - 3334 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download