ဒုတိယဝန်ကြီး ဦးအောင်မြိုင် ပြည် - ပုဂံ ရထားလမ်းပိုင်းရှိ တောင်တွင်းကြီးဘူတာနှင့် ရန်ပယ်ချောင်းတံတားပြုပြင်မှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် ပြည် - ပုဂံ ရထားလမ်းပိုင်းရှိ တောင်တွင်းကြီးဘူတာနှင့် ရန်ပယ်ချောင်းတံတားပြုပြင်မှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 23, 2026
နေပြည်တော် ဧပြီ ၂၂
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ တောင်တွင်းကြီး ဘူတာ၊ ပြည် - ပုဂံရထားလမ်းပိုင်းတွင် တံတားရေလယ်တိုင် နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် တံတားအမှတ် (၃၄၃) ရန်ပယ် ချောင်းကူးရထားလမ်း တံတားပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်တွင်းကြီးဘူတာသို့ရောက်ရှိပြီး ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားကာ ဘူတာယာဒ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန် ရှင်းလင်းဆောင်ရွက်ရန်၊ ဘူတာမှာ သက်တမ်းကြာမြင့်ပြီဖြစ်သဖြင့် ပျက်စီးမှုများကို ဦးစားပေးအလိုက် ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်၊ ဘူတာယာဒ်ဝင်းရှိ ရထားလမ်းများအတွင်း လမ်းခင်းကျောက်များ ဖြည့်တင်းသွားရန်၊ သံလမ်းထိန်းကလစ်များ အပြည့်အဝတပ်ဆင်ရန်၊ ဒီဇယ်စက်ခေါင်း ရုံအတွင်းထားရှိသော RBE များအနက် အကြီးစားပြင်ဆင်ရန် လိုအပ်လျက်ရှိသည့် RBE-2512 နှင့် RBE-2513 စက်ခေါင်းများကို RBE အကြီးတန်းစက်ရုံ (ရန်ကုန်) တွင် အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းနေအိမ် လိုင်းခန်းများ လိုအပ်ချက်ရှိနေသဖြင့် နှစ်အလိုက်လျာထား တည်ဆောက်သွားရန် မှာကြားသည်။
ထို့နောက် ပြည် - ပုဂံ ရထားလမ်းပိုင်း၊ ဆတ်သွား - ပရပ်ကြယ် ဘူတာကြားရှိ တံတားအမှတ် (၃၄၃) ရန်ပယ်ချောင်းကူး ရထားလမ်းတံတားသို့ရောက်ရှိပြီး ရှင်းလင်းဆောင်၌ တံတား ရေလယ်တိုင် အမှတ် (၂) နှင့် အမှတ် (၃) တို့ နိမ့်ကျမှုဖြစ်ပွားခဲ့သည့် တံတားပြန်လည် တည်ဆောက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ တံတားပေါ်ရှိ သံလမ်းနှင့်ကွန်ကရစ်ဇလီဖားတုံးများအား ဖြုတ်သိမ်းထားရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း တံတားတိုင်ဘိုးပိုင်တူးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆတ်သွားဘူတာသို့ရောက်ရှိပြီး ဘူတာယာဒ်ဝင်း အတွင်းရှိ သံလမ်းများတွင် သတ်မှတ်ကွန်ကရစ်ဇလီဖား အရေအတွက်အတိုင်းထည့်ရန်၊ ဘူတာစင်္ကြံအတွင်းရှိ ကြမ်းခင်းများပြန်လည်ပြုပြင်ရန်၊ ရထားစီးခရီးသွားများ စိတ်ချမ်းမြေ့စေရန် အလှပန်းပင်များစိုက်ပျိုးပြီး အမြဲသန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ထားရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3504 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
