ဒုတိယသမ္မတ ဦးညိုစော (၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29 th St. Petersburg International Economic Forum- SPIEF 2026) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဒုတိယသမ္မတ ဦးညိုစော (၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29 th St. Petersburg International Economic Forum- SPIEF 2026) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Ministry of Information/ Naypyitaw / June 04, 2026
နေပြည်တော် ဇွန် ၄
(၂၉)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29 th St. Petersburg International Economic Forum- SPIEF 2026) ဖွင့်ပွဲအခမ်းအနားကို ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစောတက်ရောက်ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာဂျစ်သမ္မတနိုင်ငံအစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၁၃၀ ကျော်မှ အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်နိုင်ငံများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ (၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29 th St. Petersburg International Economic Forum- SPIEF 2026) မှတ်တမ်းဗီဒီယိုကိုပြသပြီး စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတဦးညိုစောက ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောအလားအလာများရှိသကဲ့သို့ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှတို့၏ဆုံချက်တွင် တည်ရှိသဖြင့် မဟာဗျူဟာမြောက် ထူးခြားသောပထဝီဝင်အနေအထားကို ပိုင်ဆိုင်ထားပါကြောင်း၊ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့အကြားတည်ရှိသော မြန်မာနိုင်ငံသည် ဒေသတွင်းဈေးကွက်များကို ချိတ်ဆက်ပေးပြီး ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးပေါင်းစည်းမှုတို့ကို လွယ်ကူချောမွေ့စေသည့် သဘာဝကုန်းတွင်းတံတား (Natural Land Bridge) တစ်ခုအဖြစ် တည်ရှိနေကြောင်း၊ ယခုကဲ့သို့ အားသာချက်များကို အမိအရအသုံးချနိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရသည် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စီးပွားရေးလုပ်ကိုင်ရမှု ပတ်ဝန်းကျင်တိုးတက်ကောင်းမွန်စေရေးတို့ကို ဦးတည်သည့်မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ထို့ပြင် မိမိတို့နိုင်ငံသည် ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်၊ ရိက္ခာလုံခြုံမှုအားကောင်းစေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲလျက်ရှိသည့်အတွက် ကဏ္ဍများတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကိုပိုမိုရရှိရန် ကြိုဆိုလျက်ရှိကြောင်း၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics)၊ ပို့ကုန်ဦးတည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကာဂျစ်သမ္မတနိုင်ငံအစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အတွင်းရေးမှူးရုံး အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့က ဆွေးနွေးပြောကြားကြသည်။
နံနက်ပိုင်းကလည်း ဒုတိယသမ္မတဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အီးအေအီးယူ-အာဆီယံ (EAEU-ASEAN) စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက အီးအေအီးယူနှင့် အာဆီယံတို့အကြား ကာလလတ်နှင့် ကာလရှည်တွင် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာ၌ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ အရင်းအမြစ်နှင့် ရာသီဥတုဆိုင်ရာ ဘေးအန္တရယ်များကို ကြံ့ကြံ့ခံနိုင်ခြင်းတို့၏ အရေးပါမှုနှင့် အီးအေအီးယူနှင့် အာဆီယံတို့မှ စီးပွားရေးအသိုက်အဝန်းများအကြား အပြန်အလှန်စီးပွားရေး အကျိုးဖြစ်ထွန်းစေမည့် ဖန်တီးမှုရှိသောစီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပါဝင်ဆွေးနွေးသည်။
ထို့နောက် ဒုတိယသမ္မတသည် လီနင်ဂရက်ဒေသ အုပ်ချုပ်ရေးမှူး Mr. Alexander Drozdenko နှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maksim Reshetnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အား စင်တာ၌ သီးခြားစီလက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် လီနင်ဂရက်ဒေသအကြား ပြည်နယ်/ဒေသအစိုးရအချင်းချင်း ဆက်ဆံရေးသာမက ပြည်သူအချင်းချင်းထိတွေ့ဆက်သွယ်မှုများအထိ မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး၊ ဗီဇာကင်းလွတ်ခွင့်စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ခရီးသွားကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ မြန်မာ-ရုရှား အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံအကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ လုပ်ငန်းစဉ်များအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဆက်လက်တိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ စက်မှုကဏ္ဍ၊ ဓာတ်သတ္တုကဏ္ဍ၊ အလုပ်သမားရေးရာကဏ္ဍနှင့် စွမ်းအင်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
Newspaper - 3547 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
