နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ ပထမနေ့ Session 1 သို့ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြား
နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ ပထမနေ့ Session 1 သို့ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြား
Ministry of Information/ Naypyitaw / July 04, 2025

နေပြည်တော် ဇူလိုင် ၃
နိုင်ငံတကာမူပိုင်ခွင့်ညီလာခံကို ဇူလိုင် ၃ ရက်နှင့် ၄ ရက်တို့တွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့ပထမနေ့ Session 1 တွင် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက တက်ရောက်၍ အမှာစကားပြောကြားသည်။
မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌက နိုင်ငံတကာမူပိုင်ခွင့်ညီလာခံကို မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးတို့ကို အားပေးလှုံ့ဆော်သည့် မူပိုင်ခွင့်ဂေဟစနစ် အားကောင်းစေရန် ဦးတည်ချက်ဖြင့် စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ သိပ္ပံနှင့်ယဉ်ကျေးမှုကဏ္ဍများတွင် မူပိုင်ခွင့်၏အရေးပါပုံကို သိရှိစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့် မူပိုင်ခွင့်ညီလာခံသည် နိုင်ငံတော်တွင် လက်ရှိကျင့်သုံးဆောင်ရွက်နေသည့် မူပိုင်ခွင့်စနစ်၏ အားသာချက်၊ အားနည်းချက်များကို အခြားမူပိုင် ခွင့်စနစ်ဖွံ့ဖြိုးသောနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာနိုင်စေရန်၊ ပိုမိုကောင်းမွန်သည့် စနစ်တစ်ရပ်ကျင့်သုံး ဆောင်ရွက်နိုင်ရန်နှင့် ညီလာခံ၏ ပြည်တွင်း၊ ပြည်ပစာတမ်းများမှတစ်ဆင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်မည်ဖြစ်၍ မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင် နိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း။
မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးသော ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအားအရင်းအမြစ်မှာ အရေးကြီးသည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များကို အရွယ်အပိုင်းအခြားအလိုက် မူပိုင်ခွင့်အသိပညာပေးခြင်း၊ တီထွင်ဖန်တီးလိုစိတ်များ မြင့်မားစေရန် အားပေးလှုံ့ဆော်ခြင်း၊ တက္ကသိုလ်သုတေသနဌာနများမှ တီထွင်ဖန်တီးမှုများကို ဈေးကွက်တွင် ဖြန့်ဖြူးနိုင်ရန် အသေးစား၊ အငယ်စား၊ အလတ် စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ခြင်းများကို မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသူပြည်သူများ၊ တီထွင်သူ၊ ဖန်တီးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို မူပိုင်ခွင့် ဆိုင်ရာအသိပညာဗဟုသုတများ စဉ်ဆက်မပြတ်ဖြန့်ဝေသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
နိုင်ငံတကာမူပိုင်ခွင့် ညီလာခံ Session 1 သို့ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ ဖိတ်ကြားထားသော ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်တွင်း/ပြည်ပမှ မူပိုင်ခွင့်ပညာရှင်များ၊ Keynote Speaker များနှင့် စာတမ်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3213 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download