နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးစွမ်းရည်နှင့် စွမ်းအားများမြှင့်တင်


Ministry of Information/ Naypyitaw / April 23, 2026
image_latest


တိုင်းပြည်တစ်ပြည်တွင် နိုင်ငံတော်ကာကွယ်ရေး၊ တိုင်းပြည်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် အရေးအကြီးဆုံးကဏ္ဍများဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အင်အားတောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်ကို တည်ဆောက်ထားရမည့်အပြင် ပြည်တွင်းလုံခြုံရေးအတွက် ကာကွယ်ရေးနှင့် လုံခြုံရေးစွမ်းရည်နှင့် စွမ်းအားများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးထားရမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဧပြီ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် “ယခု မိမိတို့ တာဝန်ထမ်းဆောင်ချိန် ၅ နှစ်တာကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအားများ မြှင့်တင်ပေးသွားရန်လိုကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ကောင်းမွန်သည့်အကျင့် (Good Practice) များရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သွားလာနေထိုင်မှုနှင့် ဝတ်စားဆင်ယင်မှုများ စည်းကမ်းများကောင်းမွန်ရန်နှင့် အဂတိတရားကင်းရှင်းမှုရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်ပေါ်လာသောအခြေအနေများအရ တပ်မတော်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်လက်တွဲပြီး နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကိုပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းလုံခြုံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ရှိသော်လည်း ဖြစ်ပေါ်နေသောအခြေအနေများအရ တပ်မတော်သည် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင်ဖြေရှင်းပေးနေရခြင်းဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို တပ်မတော်က ဖြေရှင်းဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်လုံခြုံရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအားမြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက် ရမည်ဖြစ်သည်။

ပြီးခဲ့သည့်ကာလများက မြန်မာနိုင်ငံ၏ ရပ်ရွာဒေသလုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက်သမားများက သာလွန်အင်အားများစွာဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အင်အားဖြင့် မလုံလောက်တော့သဖြင့် တပ်မတော်က ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်ခဲ့သောကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူဆောင်ရွက်ခဲ့ရာတွင် အစွန်းရောက်နိုင်ငံရေးသမားအချို့နှင့် နိုင်ငံရေးပယောဂမှိုင်းမိသူများကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အကြမ်းဖက်တိုက်ခိုက်မှုများ နိုင်ငံအနှံ့ဖြစ်ပေါ်လာခဲ့ရာ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။

မျက်မှောက်ကာလနှင့် အနာဂတ်ကာလတွင်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းထမ်းဆောင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နယ်မြေထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (Armed Force Police)နှင့် ဥပဒေစည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (Law Force Police) ဟူ၍ နှစ်မျိုးရှိသည်။ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ပဋိပက္ခနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများစွာရရှိခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးသွားမည်ဆိုပါက တပ်ဖွဲ့ဝင်များ၏ စွမ်းရည်စွမ်းပကားများ ယခုထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ယခုအခါ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွက်လာပြီဖြစ်၍ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်ပေါ်လာအောင် ပျိုးထောင်မြှင့်တင်ပေးရမည် ဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒီမိုကရေစီနိုင်ငံများနှင့်တန်းတူ အဆင့်အတန်းမြင့်မားသည့် တပ်ဖွဲ့ဝင်အင်္ဂါရပ်များနှင့်လျော်ညီအောင် အပြုအမူအနေအထိုင် ဝတ်စားဆင်ယင်မှုများသာမက အဆင့်မီသည့် အဆောင်အယောင်ပစ္စည်းများကိုပါ ပြည့်စုံအောင် ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း နိုင်ငံတော်က ဖြည့်ဆည်းမြှင့်တင်ပေးသည့် အဆင့်အတန်းနှင့် လိုက်လျောညီထွေစွာ ကျင့်ကြံလုပ်ကိုင်ကြရမည့်အပြင် အဂတိတရားကင်းရှင်းစွာဖြင့် ပြည်သူများ ယုံကြည်လေးစားအားထားရသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတက လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအားမြှင့်တင်ရေးကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်နှင့်အညီ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒီမိုကရေစီနိုင်ငံသစ်တွင် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို အဆင့်အတန်းမြှင့်တင် ကျေပွန်စွာဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

Newspaper - 3504 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download