နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
Ministry of Information/ Naypyitaw / April 29, 2026
နေပြည်တော် ဧပြီ ၂၉
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့်လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှတိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့်ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၂)တွင် တက်ရောက်ခဲ့ရသည့်အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်....
လက်ဖြောင့်တပ်သားဆုရှင်
ဒီပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၂၂)မှာ ရရှိခဲ့တဲ့ဆုကတော့ လက်ဖြောင့်တပ်သားဆုပဲ ဖြစ်ပါတယ်။ ကျွန်တော်ဒီဆုကိုရအောင် သင်တန်းမှာရှိတဲ့ ဆရာ၊ ဆရာကြီးတွေ သင်ကြားပို့သမှုကောင်းပြီး ကျွန်တော်ကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်မှုကြောင့် ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ စပြီးတော့ သင်တန်းစတက်ခါစကတော့ ဒီသင်ခန်းစာတွေ လုပ်ရတာခက်ခဲပါတယ်၊ ပင်ပန်းပါတယ်။ ဒါပေမဲ့ ဒီက ဆရာ၊ ဆရာကြီးတွေ သင်ကြားပြသပေးတဲ့ နည်းစနစ်အတိုင်း တိကျစွာလိုက်နာပြီး လုပ်ဆောင်တဲ့အခါမှာတော့ ကျွန်တော်တို့ နောက်ပိုင်းမှာ ကောင်းမွန်မွန်နဲ့ အောင်မြင်စွာ ကျွန်တော်တို့ ဒီသင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်ခဲ့ပါတယ်ခင်ဗျ။ ကျွန်တော် အရပ်သားဘဝမှာ နေခဲ့တုန်းကတော့ တစ်နေ့တာကို စိတ်လွတ်ကိုယ်လွတ်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ စည်းကမ်းဆိုတာ ဘာမှန်းမသိခဲ့ပါဘူးခင်ဗျ။ ပေါ့ပေါ့ပါးပါးနဲ့ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီတပ်မတော်ထဲ ရောက်ခဲ့တဲ့အချိန်မှာတော့ အစစအရာရာမှာ စည်းနဲ့ကမ်းနဲ့ အချိန်နဲ့ဇယားနဲ့ နေထိုင်လုပ်ဆောင်ခဲ့ရပါတယ်။ ဒီသင်တန်းဆင်းပြီးလို့ တာဝန်ကျရာတပ်မှာ တာဝန်ထမ်းဆောင်တဲ့အချိန်မှာတော့ ကျွန်တော့်ထံက ရရှိလာတဲ့ ပေးအပ်တဲ့အမိန့်တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်မယ်လို့ ကျွန်တော်ခံယူထားပါတယ်ခင်ဗျ။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဒီပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကျွန်တော်တို့ ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကို ပြည်သူတစ်ယောက်အနေနဲ့ မဖြစ်မနေလာရောက်တက်ရောက်ကြပါလို့ နောက်လာမယ့် ညီငယ်လေးတွေကို ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ။"
စစ်သည်တစ်ဦး
ဒီသင်တန်းကို တက်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံတော်ကနေ ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရရော၊ ကျွန်တော်တို့ ဒီနိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပွန်မှုအတွက်ရော လာရောက်ရခြင်း ဖြစ်ပါတယ်ခင်ဗျ။ နိုင်ငံတော်တာဝန်ကို သင်တန်းဆင်းပြီးတော့ စတင်ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ရင်လည်းရင်ခုန်ပါတယ်၊ စိတ်လည်း စိတ်လှုပ်ရှားပါတယ်။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ ဂုဏ်လည်းဂုဏ်ယူမိပါတယ်။ နိုင်ငံတော်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ဖို့လည်း ကျွန်တော်ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁) ဆင်းသွားတဲ့ အိမ်ပြန်ခရီးစဉ်လေးတွေ ကို ကျွန်တော်တို့ ကြည့်ရတာ အင်မတန်မှဂုဏ်ယူဖို့လည်း ကောင်းပါတယ်၊ အားရဖို့လည်း ကောင်းပါတယ်။ အင်း ကျွန်တော်တို့(၂၂)အနေနဲ့လည်း အပတ်စဉ်(၁)က ဆင်းသွားတဲ့အတိုင်း အဆင်ပြေပြေနဲ့ ကျွန်တော်တို့ တာဝန်ကျေကျေနဲ့ ထမ်းဆောင်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။ နောက်ထပ်လာမယ့်အပတ်စဉ် ညီငယ်လေးတွေကိုလည်း နိုင်ငံတော်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီးတော့ ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်းကို အကောင်းဆုံးထမ်းဆောင်နိုင်ပါစေလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။
ထို့နောက် ညပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများကို သင်တန်းကျောင်းအသီးသီး၌ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper - 3511 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
