နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ညောင်လေးပင်ခရိုင်အတွင်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ညောင်လေးပင်ခရိုင်အတွင်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / December 27, 2024
ပဲခူး ဒီဇင်ဘာ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်လေးပင်ခရိုင်အတွင်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာသို့ ရောက်ရှိပြီး တစ်နှစ်နွေစပါးနှစ်သီးစိုက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခက်အခဲများကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောကြားပေးစေလိုကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှုအားပေး
ထို့နောက် နွေစပါးစိုက်တောင်သူများအား သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များပေးအပ်ပြီး နွေစပါးပထမသီးနှံ တစ်ကွင်းတစ်ဆက်တည်း ဧက ၅၀၀ ၌ သမန်းနိုးခြင်းဆောင်ရွက်နေမှု၊ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်၊ လေးတန်းသွား လက်ဆွဲကောက်စိုက်စက်၊ ရှစ်တန်းသွား လက်ဆွဲမျိုးစေ့ချကိရိယာ၊ ပျိုးဗန်းပျိုးထောင်စက်နှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် သွင်းအားစုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ဒိုက်ဦးမြို့နယ် ကတုတ်ရွာမကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းရှင် ဦးသန့်ဇင်ထွန်း၏ ဒေသကြက်ကောင်ရေ ၇၀၀၀ နှင့် ဒေသဆိတ်ကောင်ရေ ၁၀၀ မွေးမြူ ထားရှိမှုတို့ကိုလည်းကောင်း၊ ကျိုက်ဇကောအရှေ့ ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဘက်စုံမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းရှင် ဦးမောင်ကြည်၏ နို့စားနွားမွေးမြူရေး၊ နို့စားကျွဲမွေးမြူရေး၊ ဒေသကြက်နှင့် ဥစားကြက်မွေးမြူရေးခြံနှင့် ပဲခူးတိုင်းဒေသထုတ် စပါးအခြောက်ခံစက်များကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ရောင်းချနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဘက်စုံသုံး အစေ့ချစက်များကို ကြည့်ရှု
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ Agro Future Myanmar Co., Ltd. မှ စမ်းသပ်တီထွင်ထုတ်လုပ်ထားသည့် ပြည်တွင်းဖြစ် လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်၊ ဆေးဖျန်းစက်နှင့် ဘက်စုံသုံးအစေ့ချစက်များကို ကြည့်ရှုအားပေးပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
သွင်းအားစုများ ချီးမြှင့်ပေးအပ်
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် သနပ်ပင်မြို့နယ် အောက်စုကွင်းသို့ ရောက်ရှိပြီးနွေစပါးနှစ်သီးစိုက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးကာ ဒေသခံနွေစပါးစိုက်တောင်သူများအတွက် သွင်းအားစုများ ချီးမြှင့် ပေးအပ်သည်။
ထို့နောက် သနပ်ပင်မြို့နယ် ကမာစဲကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဦးဝင်းထိုက်မောင်၏ ကာကီကင်းမျိုး ဥစားဘဲ ကောင်ရေ ၄၂၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှု အားပေးပြီး ကမာစဲကျေးရွာရှိ ဦးလူမော်၏ တစ်ရက် တန် ၂၅၀ ကျ ဆန်စက်၌ ဆန်စက်လည်ပတ်နေမှု၊ ဆန်ကြိတ်ခွဲနေမှုကိုကြည့်ရှု၍ ဒေသခံတောင်သူများနှင့် ကန်ထရိုက်လယ်ယာစနစ်များတိုးချဲ့ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် ပဲခူးမြို့နယ် အိုးဘိုကျေးရွာအုပ်စု တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်းစံပြစိုက်ခင်း ဧက ၁၀၀ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံပဲစိုက်တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပဲစိုက်တောင်သူများအတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ပဲခူးမြို့သီရိဟံသာခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ မူဝါဒများအား အကျယ်တဝင့် ရှင်းလင်းပြောကြား၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
Newspaper - 3026 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download