နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး
Ministry of Information/ Naypyitaw / June 15, 2025
နေပြည်တော် ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် နှစ်စဉ်ဦးစီးဦးဆောင်လုပ်ပြီး ကျင်းပဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌လည်း ဒေသအလိုက်၊ ဌာနအလိုက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ တောတောင်ရေမြေကို ထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ နိုးကြားတက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာကြရန်လိုအပ်ကြောင်း၊ ယင်းကို တိုက်တွန်းနှိုးဆော်သည့် ရည်ရွယ်ချက်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နိုင်ငံနှင့်အဝန်း နှစ်စဉ်ကျင်းပကြခြင်းဖြစ်ကြောင်း၊ ယနေ့မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး (၁၆) မျိုး၊ သစ်ပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်တွင်ရှိသည့် သက်ရှိများရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါလှကြောင်း၊ သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိများအသက်ရှင်သန်ရေးအတွက် အဓိကလိုအပ်သည့် အောက်စီဂျင်ကို ထုတ်လွှတ်ပေးရုံသာမက ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို လေထုအတွင်းမှ စုပ်ယူဖယ်ရှားပေးကြောင်း၊ သစ်ပင်သစ်တောများသည် ရာသီဥတုမျှတရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရေနဲ့မြေဆီလွှာထိန်းသိမ်းရေး စသည့် ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ညီညွတ်မျှတရေးကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း။
သစ်ပင်သစ်တောများသည် ကျေးလက်နေပြည်သူများအတွက် သစ်၊ ထင်း၊ ဝါး၊ ကြိမ်၊ အစားအစာ၊ ဆေးဝါးစသည့် သစ်တောထွက်ပစ္စည်းအမျိုးမျိုးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သစ်ပင်သစ်တောများကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်မျှတသာယာပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍအသီးသီးအတွက် ကုန်ကြမ်းပစ္စည်းများ၊ သွင်းအားစုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိသောကြောင့် အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်း။
သစ်တောများသည် ဂေဟစနစ်များအားလုံး ဗဟိုချက်အဖြစ် ထိန်းညှိဆောင်ရွက်ပေးလျက်ရှိသည့်အတွက် နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်စေရေး၊ လူသားများနှင့်သက်ရှိများ ရေရှည်တည်တံ့စေရေးနှင့် စိမ်းလန်းသာယာစေရေးတို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက သစ်တောစိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြကြောင်း၊ ကုလသမဂ္ဂသစ်တောကဏ္ဍဆိုင်ရာ မဟာဗျူဟာရည်မှန်းချက်အရ ၂၀၀၀ ပြည့်နှစ်တွင် ရှိခဲ့သည့် ကမ္ဘာ့သစ်တောဧရိယာ ဧက(၁၀)ဘီလီယံမှ ၂၀၃၀ ပြည့်နှစ်တွင် ဧရိယာဧက သန်း ၃၀၀ ခန့် (၃ ရာခိုင်နှုန်းခန့်) ပိုမိုတိုးပွားလာစေရန် ရည်မှန်းချက်ထားပြီး ကုလသမဂ္ဂက အားပေးဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့မြန်မာနိုင်ငံသည် ရေ၊ မြေ၊ တောတောင်၊ သဘာဝသယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ ထို့အပြင် အာဆီယံနှင့်ဒေသတွင်း နိုင်ငံများအနက် သစ်တောဖုံးလွှမ်းမှုကောင်းမွန်ပြီး သစ်တောဖုံးလွှမ်းမှုဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်ကြောင်း၊ နိုင်ငံ၏သစ်တောဖုံးလွှမ်းမှုသည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ် ပဏာမအစီရင်ခံစာအရ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း ရှိသည်ကိုတွေ့ရသည့်အတွက် သစ်တောပြုန်းတီးမှုအနည်းငယ်ရှိနေကြောင်း၊ သို့သော်လည်း မိမိတို့တာဝန်ယူပြီးနောက်ပိုင်း သစ်ပင်စိုက်ပျိုးမှု၊ သစ်တောများပြုပြင်ထိန်းသိမ်းမှုကို အလေးထားကြပ်မတ်ဆောင်ရွက်ခဲ့သည့်အတွက် နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာလျော့နည်းကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း။
“ရာသီဥတုမျှတပြီး သစ်တောဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုရရှိစေရေးအတွက် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ သစ်တောများဖုံးလွှမ်းအောင်” ရည်မှန်းချက်ထားပြီး သက်ဆိုင်ရာဌာနများ၊ ဒေသဆိုင်ရာများနှင့် အဖွဲ့အစည်းများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြရန်လည်း မှာကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာသည့်အခါ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့သကဲ့သို့ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် နိုင်ငံအဝန်းစိမ်းလန်းစိုပြည်သာယာဝပြောရေးတို့ကို အလေးထားဆောင်ရွက်ပေးနေကြောင်း၊ သစ်တောသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ ပြန်လည်တည်ထောင်ခြင်းနှင့် တိုးချဲ့စိုက်ပျိုးခြင်းလုပ်ငန်းများကို နိုင်ငံတော်၏ ဦးစားပေးအစီအစဉ်တစ်ရပ်အနေဖြင့် ရေရှည်စီမံချက်များ ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
နိုင်ငံတော်အနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီမှ ၂၀၂၄ ခုနှစ် မိုးရာသီအထိ နိုင်ငံအဝန်းတွင် ပျိုးပင်စုစုပေါင်း ၉၀ ဒသမ ၅၅ သန်းကျော် ဖြန့်ဝေစိုက်ပျိုးပေးနိုင်ခဲ့ကြောင်း၊ နေပြည်တော်တွင် မိမိကိုယ်တိုင်ဦးဆောင်မှုနှင့် သစ်ပင်စိုက်ပျိုးပွဲ(၉)ကြိမ် ပြုလုပ်ခဲ့ပြီး (၃,၂၀၉,၇၀၃)ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရှင်သန်ဖြစ်ထွန်းမှု (၃,၀၃၂,၉၈၂)ပင် (၉၄ ရာခိုင်နှုန်း)ရှိကြောင်း၊ ဖြန့်ဝေစိုက်ပျိုးခဲ့သည့် သစ်ပင်များသည် သစ်တောနယ်မြေများဖြစ်သည့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း၌ စိုက်ပျိုးခြင်းသာမကပဲ သစ်တောနယ်မြေ ပြင်ပနေရာများ၌လည်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးလိုက်သည့်သစ်ပင်များ ရာနှုန်းပြည့်အောင်မြင်ရှင်သန်ရေးအတွက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ယခုနှစ်မိုးရာသီ၌လည်း အမြင့် ၂ ပေအထက် ပျိုးပင် ၂၀ ဒသမ ၅၉ သန်းကို နိုင်ငံအဝန်းဖြန့်ဝေပေးထားပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ တည်ထောင်ခြင်း၊ မြစ်ချောင်းများ ဘေးဝဲ/ယာတစ်လျှောက် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်း၊ လမ်းမကြီးအသီးသီးနှင့် ရထားလမ်းဘေးဝဲ/ယာ သစ်ပင်စိုက်ပျိုးခြင်း၊ ဒီရေတောများထိန်းသိမ်းစိုက်ပျိုးခြင်း၊ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် တစ်ရွာ(၂)ဧက စိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်း၊ ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ခဲ့သည့် နေရာဒေသများတွင် သစ်ပင်များစိုက်ပျိုးခြင်းစသည့် အစိမ်းရောင်ဖွံ့ဖြိုးမှုအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
“အိမ်တိုင်းမှာသစ်ပင်၊ ရွာစဉ်မှာတောတန်း၊ တစ်တောဝင် တစ်တောဆက်၊ မြို့တက်မဲ့လမ်း” ဆိုသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင် နေရာအသီးသီးမှာ စိမ်းလန်းစိုပြည်ပြီး အရိပ်အာဝါသရရှိစေရေး ကိုယ်တိုင်အသိစိတ်ဓာတ်အပြည့်အဝဖြင့် သစ်ပင်သစ်တောများကိုထိန်းသိမ်းပြီး တိုးချဲ့စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသည့် သစ်ပင်သစ်တောများကိုလည်း တစ်ပင်စိုက်လျှင် တစ်ပင် “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” သွားရန်လည်းလိုအပ်ကြောင်း၊ နောင်သားစဉ်မြေးဆက်အတွက် စိမ်းလန်းစိုပြည်ပြီး အေးချမ်းသာယာသည့်ပတ်ဝန်းကျင်ကောင်းနှင့် သဘာဝအရင်းအမြစ်တွေ ကြွယ်ဝသည့်နိုင်ငံအဖြစ် လက်ဆင့်ကမ်းပေးနိုင်ရန်အတွက် သဘာဝသယံဇာတ အမွေအနှစ်ဖြစ်သည့် သစ်တောများကို အားလုံးဝိုင်းဝန်းထိန်းသိမ်း သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သာယာသန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့်ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်အနေဖြင့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးလျက်ရှိကြောင်း၊ နိုင်ငံ၏သဘာဝအရင်းအနှီးသစ်ပင်သစ်တောတွေ ပိုမိုတိုးပွားလာပြီး ပတ်ဝန်းကျင်ရေးရာကာကွယ်စောင့်ရှောက်မှုနှင့် လူမှုရေး၊ စီးပွားရေးနှင့်ပတ်ဝန်းကျင် ဆိုင်ရာအကျိုးအမြတ်များကို ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတု မျှတကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် သစ်တော စိုက်ပျိုးထိန်းသိမ်းခြင်းလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကံ့ကော်ပင်အားသတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးသည်။
ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် သစ်မျိုး ၁၆ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်ကို စိုက်ပျိုးနိုင်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဥတ္တရသီရိဆည် မြေသားကွဲအက်ရေစိမ့်ထွက်ဖြစ်ပေါ်နေမှုအား ပြုပြင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဥတ္တရသီရိဆည်အတွင်း ရေဝင်ရောက်ရာလမ်းကြောင်းများ၊ တမံပြန်လည်ပြုပြင်ရန်အတွက် ဘူမိဗေဒတိုင်းတာခြင်းလုပ်ငန်းများ၊ မြေစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကပြုပြင်ခြင်း လုပ်ငန်းများမဆောင်ရွက်မီ စစ်ဆေးခြင်းလုပ်ငန်းများအား စနစ်တကျဆောင်ရွက်သွားရန်၊ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့ကောင်းမွန်အောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
Newspaper - 3510 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
