နိုင်ငံတော်နှင့် ပြည်သူပူးပေါင်းစွမ်းအား အကြမ်းဖက်အဖျက်သမား ပျက်ပြား
နိုင်ငံတော်နှင့် ပြည်သူပူးပေါင်းစွမ်းအား အကြမ်းဖက်အဖျက်သမား ပျက်ပြား
Ministry of Information/ Naypyitaw / December 24, 2025
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မပူပင်မကြောင့်ကြ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် တန်းတူရည်တူ ရပ်တည်နေထိုင်လိုကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ လွတ်လပ်ရေးနှင့်ထိုက်တန်သည့် ဖော်ပြခဲ့သော ပြည်သူများ၏ဆန္ဒအတိုင်း၊ နိုင်ငံတော်၏ မျှော်မှန်းထားချက်များနှင့်အညီ သန္နိဋ္ဌာန်ပြုခဲ့သည်။ အကောင်အထည်ဖော်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးမှမကြာသေး၊ သုံးလခန့်တွင်ပင် နိုင်ငံရေး၊ လူမျိုးရေး၊ ဝါဒရေးတို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၄၈/၄၉/၅၀ ဆယ်စုနှစ်တစ်ခုကာလအတွင်း တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်၍ တိုင်းပြည်တစ်ခုလုံး ပျက်စီးလုမတတ်ဖြစ်ခဲ့သည်။ တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ သေကျေပျက်စီးပြီး နေအိမ်စည်းစိမ်ဥစ္စာများ ဆုံးရှုံးခဲ့ရသည်။ အဆိုပါအခြေအနေဆိုးကို တပ်မတော်က ရှိသည့်အင်အားများဖြင့် အစွမ်းကုန်ကာကွယ်ခဲ့သည်။ လွတ်လပ်ပြီးစတိုင်းပြည်ကို ပြန်လည်ကာကွယ် စောင့်ရှောက်ခဲ့ရာတွင် ပြည်သူများ၏ပူးပေါင်းပါဝင်မှုသည် များစွာအထောက်အကူ ပြုခဲ့သည်။
တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ပြည်တွင်း/ ပြည်ပ အန္တရာယ်ရန်စွယ်များကို တွန်းလှန်ဖယ်ရှားခဲ့သည်။ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးနှင့် နောက်ခံသမိုင်းကြောင်း အမွေဆိုးများအရ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စိတ်ဝမ်းကွဲပြားခြင်းကို ပြေပျောက်အောင် မလုပ်နိုင်ခဲ့သည်မှာ ဝမ်းနည်းစရာဖြစ်သည်။ အာဃာတကြီးမားခြင်း၏ဆိုးကျိုးကို သိနားလည်ပြီး အမြင်မှန်မရနိုင်ကသည်မှာလည်း စိတ်မကောင်းစရာဖြစ်သည်။ ခေတ်အဆက်ဆက်တွင် သောင်းကျန်း သူအဖျက်သမားများမှာ အမြစ်မပြတ်ဘဲ ဆက်၍ဆက်၍ ပေါ်ပေါက်နေသည်မှာ တိုင်းပြည်နှင့်လူမျိုးသာ ဆုံးရှုံးနစ်နာမှုဖြစ်ရသည်။
ခေတ်အဆက်ဆက် အစိုးရတို့သည် အားသာချက်၊ အားနည်းချက်များရှိမည် ဖြစ်သော်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ရှေးရှု၍ တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတော်၏ အခွန်အခ၊ သယံဇာတအရင်းအမြစ်များမှရရှိသည့် ဘဏ္ဍာငွေကြေးများနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခဲ့ကြသည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ တိုင်းရင်းသားပြည်သူများအားလုံးအတွက် လမ်း၊ တံတားများ၊ အခြေခံအဆောက်အအုံများကို နိုင်ငံတစ်ဝန်းဖြန့်ကြက်၍ လွမ်းခြုံဆောင်ရွက်ပေးခဲ့သည်။ နယ်စပ်ဒေသနှင့် ကျေးလက်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ ပကတိအခြေအနေအရ သောင်းကျန်းသူအဖျက်သမားများ အမြစ်မပြတ်သဖြင့် အစိုးရက တည်ဆောက်လိုက်၊ သောင်းကျန်းသူများက ဖျက်ဆီးလိုက်နှင့် သံသရာလည်ပြီး တိုင်းပြည်ရှေ့မရောက်နိုင်ဖြစ်နေသည်မှာ ဝမ်းနည်းစရာဖြစ်သည်။
နိုင်ငံတော်အစိုးရများသည် ရရှိလာသည့် ဘဏ္ဍာငွေကြေးများကို သက်ဆိုင်ရာနယ်ပယ်ကဏ္ဍများအားလုံးသို့ စနစ်တကျခွဲဝေပြီး တိုင်းပြည်အတွက် အကျိုးရှိထိရောက်အောင် ဆောင်ရွက်ခဲ့ကြသည်။ ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်အောင် ကြံစည်ကြိုးပမ်းအားထုတ်ကြသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မား တိုးတက်လာအောင် တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ကြသည်။ ခေတ်အဆက်ဆက် ဆောင်ရွက်ချက်များ တည်တံ့ခိုင်မြဲပြီး ဆက်၍တိုးတက်နေပါက တိုင်းပြည်သည် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်မည်မှာ သေချာသည်။ သို့သော် အကြမ်းဖက် အဖျက်သမားသောင်းကျန်းသူများသည် တော်လှန်ရေးဟု ကြွေးကြော်ပြီး ပြည်သူ့ အရေးဟုလှုံ့ဆော်ကာ မိမိဒေသ၊ မိမိတိုင်းပြည်ကို ဖျက်ဆီးနေကြသည်။ ပြည်ပမှ ထောက်ပံ့ပေးသော၊ အဓမ္မရရှိသော ငွေကြေးများဖြင့် ၎င်းတို့သက်ဆိုးရှည်အောင် ဖန်တီးပြီး ၎င်းတို့ဒေသကိုပင် ၎င်းတို့ကိုယ်တိုင်ဖျက်ဆီးရုံတင်မကဘဲ တိုင်းပြည်ပါ ပျက်စီးအောင် ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
သာဓကအားဖြင့် မကြာသေးမီက အကြမ်းဖက်သောင်းကျန်းသူများက ဂုတ်ထိပ်တံတားကြီးနှင့် ဧရာဝတီတံတား (ရတနာသိင်္ခ) တို့ကို မိုင်းခွဲဖျက်ဆီးခဲ့သည်ကို အထင်အရှားတွေ့နိုင်သည်။ တံတားနှစ်စင်းပျက်စီးခြင်းကြောင့် တံတားတစ်စင်းတည်ဆောက်ရန်အတွက် မည်မျှခက်ခဲပြီး အကုန်အကျများသည်ကို ခန့်မှန်းကြည့်နိုင်သည်။ ပျက်စီးသွားသော တံတားနှစ်စင်းအား ပြန်လည်တည်ဆောက်ရန်အတွက် များစွာအကုန်အကျခံရဦးမည်ဖြစ်သည်။ လတ်တလောတွင် ပြည်သူများ ကူးသန်းရောင်းဝယ်ဆက်သွယ်သွားလာမှု ပြတ်တောက်သွားခဲ့သည်။ ကုန်စည်ဈေးနှုန်းများ အဆမတန်မြင့်တက်သွားသည်။ ပြည်သူအားလုံး ထိခိုက်နစ်နာကြရသည်။
သို့ဖြစ်ရာ အကြမ်းဖက်သောင်းကျန်းသူများ ရှိနေသရွေ့၊ ဆက်လက်ပေါ်ထွန်းနေသရွေ့ တိုင်းပြည်မှာ ပျက်စီးမြဲ၊ နစ်နာမြဲဖြစ်နေမည်။ မအောင်မြင်သော တော်လှန်ရေးကို ဗန်းပြ၍ ကိုယ်ကျိုးရှာနေသော အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းလက်တွဲပြီး ဆန့်ကျင် ကန့်ကွက်တိုက်ဖျက်မည်ဆိုပါက သောင်းကျန်းသူအားလုံး အပြီးတိုင်ပျက်သုဉ်းသွားမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3389 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
