နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / January 25, 2026
နေပြည်တော် ဇန်နဝါရီ ၂၅
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည်အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးခြယ်ဆုံးဖြတ်ရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ယနေ့နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများအလိုက် မည်သည့်ဖိအားတစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွစည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့် တစ်ခဲနက်ဆန္ဒမဲများပေးကြ သည်။
ထိုကဲ့သို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများပေးနေမှုများကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ မန္တလေးဒေသကြီးအတွင်းရှိ မဲရုံများသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့အတွင်းရှိ သက်ဆိုင်ရာ မဲရုံများအလိုက်တွင် မဲရုံမှတာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာပါဝင်ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးမေးမြန်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား နှုတ်ဆက်ခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့မှုအပေါ် လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများကလည်း ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတနှင့် အဖွဲ့ဝင်များအား ရင်းနှီးနွေးထွေးစွာ ပြန်လည်နှုတ်ဆက်ခဲ့ကြကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမှုခံစားချက် အတွေ့အကြုံများနှင့် ပတ်သက်၍ မိမိတို့၏သဘောဆန္ဒအလျောက် ဆန္ဒမဲလာရောက်ပေးကြခြင်းဖြစ်ကြောင်း၊ MEVM စက်ဖြင့် မဲပေးရခြင်းဖြင့် ပိုမိုလွယ်ကူမြန်ဆန်ပြီး မိမိတို့ဆန္ဒမဲပေးသည့်အတိုင်း မဲစာရင်းစာရွက်များလည်းထွက်ရှိကြောင်း၊ မဲမသမာမှုပြုလုပ်ရန်နှင့် မဲလိမ်မဲခိုးခြင်းများ ပြုလုပ်ရန်မဖြစ်နိုင်ကြောင်း၊ ဆန္ဒမဲပေးမှုလုပ်ငန်းစဉ်များအားလုံး အဆင်ပြေမှုရှိကြောင်းတို့ကို ရင်းရင်းနှီးနှီးပြန်လည်ပြောကြားခဲ့ကြသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် မဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးစဉ် လာရောက်သတင်းရယူကြသည့် ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကိုလည်း လက်ခံဖြေကြားခဲ့သည်။
Newspaper - 3422 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
