နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများအား စစ်ဆေး၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / November 16, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၆

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးသည်။

ဦးစွာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေးနှင့် လုံခြုံမှုရှိစေရေးဆောင်ရွက်လျက်ရှိမှု၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော တရားမဝင်ဆောက်လုပ်ထားသည့် KK Park အဆောက်အဦများအား ရှင်းလင်းဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိမှုနှင့် အခြားလိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲဂရုပြုနေရန်နှင့် အလေးအနက်ထားဆောင်ရွက်သွားရန်လို

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲဂရုပြုနေရန်နှင့် အလေးအနက်ထားဆောင်ရွက်သွားရန်လိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်သည့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များအားလုံးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း မဟာဗျူဟာအရအရေးကြီးသည့် လမ်းကြောင်းများအားလုံး လုံခြုံချောမွေ့စွာဖြင့် သွားလာအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကိုလည်း မိမိတို့အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ဆက်လက်ရှင်းလင်းတိုက်ဖျက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်များအားလုံး၊ စစ်သည်များအားလုံးအနေဖြင့် စစ်သည်တော်ကောင်းစိတ်ဓာတ်ဖြင့် မိမိတို့တပ်ဖွဲ့၊ အဖွဲ့အစည်း၏ဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျရှိပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝသည့်တပ်များဖြစ်စေရေးအတွက်လည်း ကြပ်မတ်လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းပကား မြင့်မားစေရေးအတွက်လည်း မိမိတို့ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် လေ့ကျင့်ရေးလုပ်ငန်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးတစ်ယောက်ချင်းစီအလိုက် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်၊တိုက်ပွဲဝင်ရဲသည့် စိတ်ဓာတ်များရှိစေရေးအတွက်လည်း လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မကြာမီကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စေရေးအတွက်လည်း လိုအပ်သည်များကို အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွားဖော်ဆောင်ရေးတို့ကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက်ရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် တတ်စွမ်းသရွေ့ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေး

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မော်လမြိုင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Newspaper - 3352 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download