နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး ကျင်းပ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / February 19, 2026
ရန်ကုန် ဖေဖော်ဝါရီ ၁၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား/စီမံ) နှင့် မော်ကွန်းထိန်းဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒကတက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတို့သည် ထကြွလုံ့လဝီရိယရှိထသော။ သတိလည်း ရှိထသော။ စင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြည့်စုံထသော။ ပြုလုပ်လိုရာ ကိစ္စဟူသမျှ၌ စူးစမ်းဆင်ခြင်၍ ပြုလုပ်လေ့ရှိထသော။ ကိုယ်စိတ်နှလုံးသုံးပါးတို့ကို စောင့်စည်းလေ့ရှိထသော။ တရားသဖြင့် အသက်မွေးလေ့ရှိသော၊ မမေ့မလျော့သောသူအား စည်းစိမ်ဥစ္စာအဖြာဖြာသည် တစ်နေ့တခြားတိုးပွားကြောင်းကို သဗ္ဗညုဘုရားရှင်က ဓမ္မပဒပါဠိတော်၌ ဟောကြားတော်မူကြောင်း၊ ဘုရားရှင်ဟောတော်မူအပ်သော ဒေသနာတော်နှင့်အညီ သာသနာတော်ထွန်းကားပြန့်ပွားရေးလုပ်ငန်းကိစ္စအဝဝကို ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းကြောင်း အဖွင့်သြဝါဒကထာမြွက်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ တက္ကသိုလ်များ ဗဟိုပညာရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၆) တင်ပြချက်များကို လျှောက်ထားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များက တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၆) နှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးကာ ဆုံးဖြတ်ချက် (၅) ရပ်ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိဆရာတော် ဘဒ္ဒန္တကောဝိဒကကုသိုလ်ရသည့် လုပ်ငန်းကိစ္စများကို ဆောင်ရွက်နေကြခြင်းကြောင့် ကောင်းမှုကုသိုလ်နှင့် ပြည့်စုံသော အမျိုးကောင်းသားသမီးတို့မှာ စိတ်ကတောင့်တသည့်အတိုင်း ဖြစ်လာနိုင်ကြပါစေ။ တောင့်တမှုမှန်သမျှ၊ အလုံးစုံသောအကျိုးတရားမှန်သမျှ ပြည့်စုံနိုင်ကြပါစေ။ သဒ္ဓါတရားပညာနှင့် ချင့်ချိန်ဆောင်ရွက်နိုင်ကြပါစေကြောင်း နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်
Newspaper - 3446 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
