နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ် မိန့်ကြားတော်မူအပ်သော သာရဏီယဩဝါဒကထာ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ် မိန့်ကြားတော်မူအပ်သော သာရဏီယဩဝါဒကထာ
Ministry of Information/ Naypyitaw / May 30, 2026
(၇၈)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ ဝင်ရောက်ပြန်ဆိုဖြေဆိုတော်မူခဲ့ကြပြီး အောင်မြင်တော်မူ ခဲ့ကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များနှင့်တကွ ချီးကျူးပူဇော်ပွဲသို့ လာရောက်ဖူးမြော်ပူဇော်ကြသည့် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား အသက်ထက်ဆုံး အောက်မေ့ဖွယ်အမှတ်ရဖွယ်ဖြစ်သော သာရဏီယဩဝါဒကထာ မြွက်ကြားလိုသည်မှာ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်သည်-
“ဧကပုဂ္ဂလော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇန ဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ ကတမော ဧကပုဂ္ဂလော တထာဂတော အရဟံသမ္မာသမ္ဗုဒ္ဓေါ”
အစရှိသည်ဖြင့် အင်္ဂုတ္ထိုရ် ပထမတွဲ၊ ဧကပုဂ္ဂလဝဂ်၊ စာမျက်နှာ (၂၁)၌ မိန့်ကြားတော်မူပါတယ်။
ရဟန်းတို့ လောက၌ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပေါ်လာသည်ရှိသော် လူအများ အစီးအပွားအလို့ငှာ၊ လူအများချမ်းသာခြင်းငှာ လောကကို အစဉ်သနား စောင့်ရှောက်ခြင်းငှာ၊ နတ်လူတို့၏ အကျိုးများရန် အစီးအပွားများရန် ချမ်းသာဖို့ရန်အလို့ငှာ ဖြစ်တော်မူ၏။ တစ်ဦးတည်းသောပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် ကိုယ်တိုင်မှန်စွာ သိတော်မူသောမြတ်စွာဘုရားပင်တည်း။
ဤလောကလူသား လူအများသည်ဆင်းရဲကို ဆင်းရဲမှန်းမသိ၊ ဆင်းရဲကြောင်း အလုပ်များကို လုပ်ကိုင်ဆောင်ရွက်နေကြသော်လည်း ဆင်းရဲကြောင်းအလုပ်များပဲဟု မသိမမြင်ကြပေ၊ ကုသိုလ်အကုသိုလ် ဟူ၍လည်း မကွဲပြားမသိမမြင်နိုင်ကြပေ။ လောကကြီးသည် မောဟအမှောင်ဖုံးနေသော အမိုက်တိုက်လောကကြီး ဖြစ်ပါသည်။ အဝိဇ္ဇာအမှောင်ထုကြီး ဖုံးလွှမ်းနေသောလောကကြီးထဲတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်ပေါက်လာသဖြင့်သာ ဤတရားက အပြစ်မရှိချမ်းသာသောအကျိုးတရားကို ပေးခြင်းလက္ခဏာရှိသော ကုသိုလ်တရားပဲ၊ ဤတရားက အပြစ်နှင့်တကွဖြစ်ပြီး ဆင်းရဲသော အကျိုးကိုပေးခြင်း လက္ခဏာရှိသော အကုသိုလ်တရားပဲ၊ ဤတရားက ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရန် တရားပဲစသည်ဖြင့် ဟောကြားတော် မူခဲ့ပါတယ်။
ထို့ပြင်လည်း ဤသဘောတရားများသည် ဧကန်စင်စစ် ဆင်းရဲ သောတရား “ဒုက္ခသစ္စာ” ပဲ၊ ဤသဘောတရားသည် ဆင်းရဲကြောင်း အမှန်တရား “သမုဒယသစ္စာ” ပဲ၊ ဤသဘောတရားသည် ဆင်းရဲချုပ်ရာ ချမ်းသာမှန်တရား “နိရောဓသစ္စာ” ပဲ၊ ဤသဘောတရားသည် ဆင်းရဲချုပ်ရာ ချမ်းသာသို့ ဆိုက်ရောက်စေနိုင်သော အမှန်တရား “မဂ္ဂသစ္စာ” ပဲ စသည်ဖြင့် သစ္စာလေးပါးတရားတော်တို့ကိုလည်း ဟောကြားတော်မူခဲ့ပါတယ်။ ဤသစ္စာလေးပါးတရားတော်တို့ကို ဟောကြားတော်မူလိုက်သောအခါ အချို့သော ဝေနေယျသတ္တဝါများ အဝိဇ္ဇာအမှောင်လုံးဝကင်းရှင်းပြီး ဝိဇ္ဇာအလင်းရောင် ကောင်းကောင်း ရရှိသွားကြပါတယ်။ ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းဟာ နေမင်းကြီးလမင်းကြီး ထွက်ပေါ်လာသကဲ့သို့ဖြစ်ပြီး ကြာမြင့်စွာသောကာလပတ်လုံး လူနတ်ဗြဟ္မာ သတ္တဝါအများ စီးပွားချမ်းသာဖို့ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားဒေသနာတော်များကို ရတနာခြင်းတောင်းသုံးမျိုးထဲသို့ သဘောတူရာစုပေါင်းထည့် လိုက်လျှင် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကဟူ၍ ပိဋကသုံးပုံဖြစ်လာပါတယ်။ သုံးပုံပိဋက တရားဒေသနာတော်မြတ်များကို သင်ကြားပို့ချပေးခြင်း၊ သင်ယူမှတ်သားခြင်းတို့ကို ပရိယတ္တိဟု ခေါ်ပါတယ်။ ပရိယတ္တိတရားတော်များသည် ရှောင်ကြဉ်ဖို့၊ ကျင့်ကြံဖို့၊ နှလုံးသွင်းသိရှိဖို့ကို ညွှန်ကြားတော်မူပါတယ်။ ထိုပရိယတ္တိ တရားဒေသနာတော်များက ညွှန်ကြားသည့်အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်ခြင်းကို ပဋိပတ္တိလို့ ခေါ်ပါတယ်။ ပဋိပတ္တိအစွမ်းကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် စသော အသိထူးများရရှိခြင်းကို ပဋိဝေဓလို့ ခေါ်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရှင်၏ သာသနာတော်သုံးရပ်တို့တွင် ပရိယတ္တိသည် အခြေခံမူလ ပဓာနကျပါတယ်။ သစ်ပင်ကြီးတစ်ပင်မှာ ရေသောက်မြစ်ရှိမှသာ ပင်စည်၊ အကိုင်းအခက်တွေကြာရှည်စွာ တည်တံ့နေမည်ဖြစ်ပါတယ်။ ရေသောက်မြစ်မရှိလျှင် ကြာရှည်စွာ တည်တံ့မနေနိုင်ပေ။ အပွင့်၊ အသီးများလည်း ဖူးပွင့်ဝေဆာ မဖူးနိုင်၊ မပွင့်နိုင်၊ မသီးနိုင်ကြသကဲ့သို့ ထိုနည်းတူစွာပင် သာသနာတော်သုံးရပ်၌လည်း ပရိယတ္တိမှမရှိလျှင် ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ တို့သည်လည်း မတည်ရှိ နိုင်တော့ပေ။
ရေကန်ကြီးဥပမာနှင့်ပြောရလျှင် ရေကန်ကြီးမှာ ကန်ပေါင်ကန်ရိုးသာမရှိလျှင် ရေကန်ထဲ၌ ရေတွေ၊ ကြာပင်တွေ ကြာရှည်စွာ မတည်နိုင်ပေ၊ ရေမရှိလျှင်လည်း ကြာပင်များ မပေါက်ရောက်နိုင်ပေ။
ထိုဥပမာအတိုင်းပင် ပရိယတ္တိသည် ကန်ပေါင်ကန်ရိုးနှင့် တူပါသည်။ ပဋိပတ္တိသည် ရေနှင့်တူပါသည်။ ပဋိဝေဓသည် ကြာပင်၊ ကြာပွင့်များနှင့် တူပါသည်။ ထို့ကြောင့် ပဋိပတ္တိဟူသောရေကြည် ရေအေး၊ ပဋိဝေဓ ဟူသောကြာပင် ကြာပွင့်များနှင့် လှပတင့်တယ်စွာ ရှိဖို့ဆိုသည်မှာ ပရိယတ္တိဟူသော ကန်ပေါင်ကန်ရိုးကြီး ခိုင်ခိုင်ခံ့ခံ့ ရှိဖို့လိုအပ်ပါတယ်။ ကန်ပေါင်ကန်ရိုးကြီးကတော့ ခိုင်ခိုင်ခံ့ခံ့ရှိပါ၏။ သို့သော် ကန်ထဲ၌ရေလည်းမရှိ၊ ကြာလည်းမရှိလျှင် ခြောက်သွေ့နေသည့်ကန်ကြီးသည် တင့်တယ်မှုမရှိသဖြင့် မည်သူမည်ဝါမျှ စိတ်ဝင်စားမှုမရှိ၊ ရေကိုလည်း မသောက်ရ မချိုးရသဖြင့် ဘာမျှအကျိုးမရှိတော့ပါ။ ထို့အတူ ကန်ပေါင်ရိုးနှင့်တူသည့် ပရိယတ္တိတစ်ခုတည်းသာ ရှိမည်ဆိုပါကလည်း ပဋိပတ္တိဟူသော သာသနာ့အရသာဖြစ်သည့် ရေကြည်ရေအေးလည်း မသောက်ရ၊ ပဋိဝေဓဟူသော ကြာဖူး၊ ကြာပန်းများလည်း မပွင့်နိုင်သဖြင့် သာသနာတော်ကြီးသည် တင့်တယ်လှပမည်မဟုတ်ပါ။
ဒါကြောင့် (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ ဝင်ရောက်ပြန်ဆို ဖြေဆိုတော်မူခဲ့ကြပြီး အောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ရေတွေတည်တံ့ဖို့၊ ကန်ဘောင်ရိုးကြီးကို ခိုင်ခိုင်ခံ့ခံ့ရှိအောင် ကြိုးစား အားထုတ်တော်မူကြခြင်းဖြစ်၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးနှင့် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့က ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ်။ ရေကန်ကြီးထဲမှာ ရေတွေရှိအောင် ကြာပင်၊ ကြာပန်းများနှင့် လှပတင့်တယ်မှုရှိအောင် ဆက်လက်၍ ကြိုးစားအားထုတ်ကြဖို့လည်း သတိပေးစကား ပြောကြားလိုပါတယ်။
သာသနာတော်ကို စောင့်ရှောက်ထောက်ပံ့နေကြသည့် နိုင်ငံတော်အစိုးရနှင့်တကွ ဒါယကာ ဒါယိကာမအပေါင်းတို့က ဥယျာဉ်မှူးနှင့် တူပါတယ်။ ဥယျာဉ်မှူးသည် သစ်ပင်များကို ရေမလောင်း ပေါင်းမသင်ဘဲထားလျှင် သစ်ပင်များဟာ ညှိုးနွမ်းခြောက်သွေ့ပြီး ရေတွေများစွာ လောင်းပြန်လျှင်လည်း စိမ့်ဖမ်းပြီး သစ်ပင်သည် သေသွားနိုင်ပါတယ်။ ထိုနည်းတူစွာပင် သာသနာတော်ကို စောင့်ရှောက်ထောက်ပံ့ရာမှာ ရေပြတ်နေသည့် သစ်ပင်များလိုလည်း မဖြစ်ရအောင်၊ ရေတွေများပြီး စိမ့်ဖမ်းလို့ သေသွားသည့်သစ်ပင်များလိုလည်း မဖြစ်ကြရလေအောင် ပြုစုစောင့်ရှောက်ထောက်ပံ့ပါက သာသနာတော်မြတ်ကြီး အရှည်ခံ့၍ တည်တံ့ကာ ဆရာဒကာနှစ်ဖြာစလုံး ဆင်းရဲဆုံးရာ ချမ်းသာအမှန် မြတ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ကြောင်း၊ ဆိုက်ရောက်နိုင်ကြပါစေလို့လည်း ဆုတောင်းပတ္ထနာပြုရင်း သာရဏီယဩဝါဒကထာကို နိဂုံးချုပ် အပ်ပါသည် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့........။
Newspaper - 3541 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
