နိုင်ငံတော်အကျိုးနှင့်ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သူများရွေးချယ်


Ministry of Information/ Naypyitaw / January 10, 2026
image_latest


မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ တပ်မတော်သည် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ မဲမသမာမှုများကို ဖြေရှင်းပေးနိုင်ရန်အတွက် ထိုအချိန်က တာဝန်ရှိသူများအား အကြိမ်ကြိမ်အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိဘဲ နိုင်ငံတော်အာဏာကို မဲမသမာမှုရလဒ်များဖြင့် အနိုင်ရရှိလာသည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်လာခဲ့သဖြင့် တပ်မတော်သည် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ကို စတင်တာဝန်ယူဆောင်ရွက်ချိန်တွင် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်း စဉ်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ၌ “လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဆိုသည့်အချက်ကို ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ ယခုအခါ နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ကျန်ရှိနေသော ရွေးကောက်ပွဲအပိုင်း(၂)နှင့်အပိုင်း(၃)ကိုလည်း ဆက်လက်ကျင်းပတော့မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြောင့်တန်းစွာလျှောက်လှမ်းနိုင်ရန် ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးလျက်ရှိသည်။ ရွေးကောက်ပွဲများကျင်းပပြီးသည့်နောက် လွှတ်တော်များခေါ်ယူပြီး ဒီမိုကရေစီအစိုးရသစ်ကို နိုင်ငံ့တာဝန်များလွှဲပြောင်ပေးမည်ဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပခဲ့ရာတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအနေဖြင့် မျှော်မှန်းသည်ထက် ပိုမိုတက်ကြွစွာပါဝင်မဲပေးခဲ့ကြသည်။ ပြည်သူများအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းလိုသည့် ဆန္ဒများရှိကြသည်ကို တွေ့မြင်ကြရပြီဖြစ်သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ်များအတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပါတီနှင့်ကိုယ်စားလှယ်များ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများအနေဖြင့် ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးချိန်၌ ရာခိုင်နှုန်းများပြားစွာ မဲပေးနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ယဉ်ကျေးမှု၊ ပထဝီအနေအထားနှင့် သင်ခန်းစာယူဖွယ် နောက်ခံသမိုင်းကြောင်းအခြေအနေများအရ ဆန္ဒမဲပေးကြရာတွင် နိုင်ငံတော်နှင့်ဒေသအကျိုးကို ဆောင်ရွက်ပေးနိုင်မည့်သူ၊ အမျိုးဘာသာသာသနာအကျိုးကို သယ်ပိုးထမ်းရွက်ပေးနိုင်မည့်သူ၊ နိုင်ငံတည်ရှိနေသရွေ့ တည်တံ့ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်လောင်းများကိုရွေးချယ်၍ ဆန္ဒမဲပေးသင့်ကြပေသည်။

ထို့အပြင် ဒီမိုကရေစီအနာဂတ်နိုင်ငံတော်ကို ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ရန်နှင့် နိုင်ငံတော်အား ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်ရန်အတွက် အထူးသဖြင့် ပညာတတ်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပေးရန်လိုအပ်ပေမည်။ ကိုယ်စားလှယ်လောင်းများအနေဖြင့် ဥပဒေပြုရေးလုပ်ငန်းများကို ဆောင်ရွက်မည့်သူများဖြစ်သဖြင့် ဥပဒေကို သိရှိနားလည်ထားကြသူများဖြစ်ရန်လိုပေသည်။ သို့မှသာ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးများကို တည့်မတ်မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်သူများ ပေါ်ထွန်းလာမည်ဖြစ်သည်။ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်အကြီးအကဲ၏ဦးဆောင်မှုဖြင့် ပြည်သူလူထုတို့၏ ပါဝင်ဆောင်ရွက်မှုကြောင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒေသအလိုက် ပြည်သူများအနေဖြင့် ကျန်ရှိသော ရွေးကောက်ပွဲအပိုင်းနှစ်ပိုင်းစလုံးကို ပိုမိုအောင်မြင်အောင် တက်ညီလက်ညီပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူများလိုလားတောင့်တသည့် ဆန္ဒအမှန်ဖြစ်၍ ပြည်သူများ၏ဆန္ဒနှင့် ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်လာစေရန် အဓိကကျသည့် ရွေးကောက်ပွဲများ အောင်မြင်စွာပြုလုပ်နိုင်ရန် လက်တွဲညီညီဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ပကတိလိုအပ်ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း၊ လိုအပ်ချက်များကို တောင်းဆိုခြင်း၊ ဖြည့်ဆည်းပေးခြင်းတို့တွင် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သောကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများကို သိနားလည်ကာ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတွင် လက်တွဲပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင် အားလုံး တက်ညီလက်ညီပူးပေါင်းပါဝင်ကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပါဝင်တည်ဆောက်ပေးကြမည့် နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို အလေးထားဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းများကို မှန်မှန်ကန်ကန် ရွေးချယ်ပေးနိုင်ကြစေရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

Newspaper - 3407 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download