နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ကျွမ်းကျင်လုပ်သား
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ကျွမ်းကျင်လုပ်သား
Ministry of Information/ Naypyitaw / December 06, 2025
တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးက Skilled Labour သင်တန်းများ ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းအရသိရသည်။ နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများအနက်မှ ရာခိုင်နှုန်းအချို့မှာ ကျရှုံးမြဲဖြစ်ရာ အဆိုပါကျောင်းသား ကျောင်းသူများအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းက ၎င်းတို့အတွက်သာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။
Skilled Labour ခေါ် ကျွမ်းကျင်လုပ်သား၊ အရည်အချင်းမြင့်လုပ်သားများဆိုသည်မှာ ကျွမ်းကျင်မှုလိုအပ်သည့် အလုပ်အကိုင်များအတွက် အထူးလေ့ကျင့်ထားသူများ၊ အတွေ့အကြုံနှင့် ဗဟုသုတပြည့်စုံသူ အလုပ်သမားများကို ရည်ညွှန်းခြင်းဖြစ်ပြိး အခြေခံအလုပ်သမားများ တစ်နည်းအားဖြင့် ကျွမ်းကျင်မှုမလိုသည့် အလုပ်လုပ်ကိုင်နေကြသူများထက် သာလွန်ကြသူများဖြစ်သည်။ ကျွမ်းကျင်လုပ်သား (Skilled Labour) ဟု ခေါ်ရာတွင် ကျွမ်းကျင်မှုလိုအပ်သည့် လုပ်ငန်းများအလိုက် ကော်လံပြာလုပ်သား (Blue-collar) ခေါ် ချွေးထွက်သည့် အလုပ်လုပ်ကိုင်ကြသူများ- ဥပမာအားဖြင့် စက်ပြင်ဆရာ၊ ပိုက်ပြင်ပိုက်ဆက်၊ လျှပ်စစ်၊ လက်သမားများ စသည်တို့ပါဝင်သကဲ့သို့ ကော်လံဖြူလုပ်သား (White-collar) ခေါ် ချွေးမထွက်သည့် အလုပ်လုပ်ကိုင်ကြသူများ- စာရင်းကိုင်များ၊ စာရေးစာချီများ၊ ရုံးအလုပ်လုပ်ကိုင်သူများနှင့် နည်းပညာသမားများအထိ ပါဝင်သည်။
အဆင့်မြင့်ကျွမ်းကျင်လုပ်သားများ၏ ယေဘုယျသွင်ပြင် လက္ခဏာများတွင် ကောလိပ်ကျောင်းပညာရေးနှင့်အထက် အဆင့်မြင့်ပညာတတ်မြောက်ခြင်း၊ ရှုပ်ထွေးသည့် အလုပ်တာဝန်များကို လုပ်ကိုင်နိုင်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများရှိခြင်း၊ နည်းပညာပြောင်းလဲမှုများတွင် လျင်လျင်မြန်မြန်လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ကိုင်နိုင်စွမ်းရှိခြင်း၊ လေ့ကျင့်မှုမှတစ်ဆင့် ရရှိသည့်ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို ၎င်းတို့လုပ်ကိုင်ရသည့်အလုပ်တွင် တီထွင်ဖန်တီးမှုရှိရှိ အသုံးချနိုင်ခြင်း စသည့်စွမ်းရည်များ ရှိနေကြသည်ကို တွေ့ရှိနိုင်သည်။ သို့ဖြစ် သည့်အလျောက် အထူးလေ့ကျင့်ပေးထားသည့် ကျွမ်းကျင်အလုပ်သမားများမှာ ကျွမ်းကျင်မှုမရှိသော သာမန်အလုပ်သမားများထက် လုပ်ခလစာဝင်ငွေမှာလည်း ပိုမိုမြင့်မားကြခြင်း ဖြစ်သည်။
မိမိတို့နိုင်ငံတွင် နှစ်စဉ်တက္ကသိုလ်ဝင်တန်းဖြေဆိုသူစုစုပေါင်း သိန်းနှင့် ချီသည်။ အနီးဆုံးနှစ်များ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုရာခိုင်နှုန်းများကိုကြည့်လျှင် ၂၀၂၅ ခုနှစ်တွင် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်တွင် ၆၇ ဒသမ ၃၇ ရာခိုင်နှုန်းတို့ ရှိနေသည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀၇၈၉၈ ဦးရှိပြီး အောင်မြင်သူစုစုပေါင်း ၉၉၉၂၄ ဦးရှိ၍ စာမေးပွဲမအောင်မြင်သူ ပေါင်း ၁၀၇၉၇၄ ဦး ရှိနေသည်။ အဆိုပါသိန်းနှင့်ချီနေသည့် လုပ်အားများကို Skilled Labour များအဖြစ် သင်ကြားလေ့ကျင့်ပေးရုံသာမက ပြည်တွင်းပြည်ပလုပ်သားဈေးကွက်များနှင့် ချိတ်ဆက်ပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီအတွက်ရော နိုင်ငံအတွက်ပါ အကျိုးကျေးဇူးကြီးမားစွာ ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။
ပြည်ပမှရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင်လည်းကောင်း၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် တွန်းအားပေးဆောင် ရွက်ရာတွင်လည်းကောင်း ပြည်တွင်း၌ရှိနေသော ကျွမ်းကျင်လုပ်သား (Skilled Labour) အင်အားစုများမှာ အဓိကအခန်းကဏ္ဍတွင် ပါဝင်သည်။ တစ်မျိုးသားလုံး၏ ပျမ်းမျှပညာရေးအဆင့်အတန်းမှာ အခြေခံပညာအလယ်တန်းမျှသာရှိနေရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် သက်မွေးဝမ်းကျောင်းပညာအမျိုးမျိုးတို့ သင်ကြားလေ့ကျင့်ပေးရန်၊ သက်မွေးဝမ်းကျောင်း ပညာရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံသွားရန်၊ မိမိတို့ပိုင်ဆိုင်သည့် ကျွမ်းကျင်လုပ်သားအင်အားများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးရှိရှိ ထိထိရောက်ရောက်အသုံးချသွားရန် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3371 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
