နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် အစိုးရနှင့်ပုဂ္ဂလိက လက်တွဲဆောင်ရွက်
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် အစိုးရနှင့်ပုဂ္ဂလိက လက်တွဲဆောင်ရွက်
Ministry of Information/ Naypyitaw / December 03, 2025
နိုင်ငံ့စီးပွားမြင့်မားတိုးတက်စေရန်အတွက် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးနှင့်အတူ ကုန်သွယ်စီးပွားတိုးတက်ကောင်းမွန်ရေးသည် အရေးကြီးသဖြင့် နိုင်ငံတော်အစိုးရက ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းထုတ်ကုန်မြှင့်တင်ရေးတို့ကို အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံ့စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရသည်။
နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်တွင်းစားရေရိက္ခာဖူလုံရေး အမျိုးသားရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာအောင် အားပေးမြှင့်တင်ပေးလျက်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)တွင် “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်”ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများနှင့် ဈေးကွက်ဖွံ့ဖြိုးရေး၊ ဈေးကွက်သစ်များရရှိရေးနှင့် ဈေးကွက်ချဲ့ထွင်ရေးတို့ကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် “အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အမှီသဟဲပြုပြီး နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိကကဏ္ဍသည် အဓိကမောင်းနှင်အားတစ်ရပ်အနေဖြင့် ပါဝင်နေကြောင်း၊ လက်ရှိအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးပေးနေသည့် ဆွေးနွေးမှုပုံစံများမှ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် သိသာမြင်သာရှိသည့် ရလဒ်များပေါ်ထွက်သည်အထိ လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အစိုးရနှင့် ပုဂ္ဂလိကအကြားတွင် သဟဇာတ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်အောင် ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များအား ကိုယ်စားပြုဆောင်ရွက်ပေးနေသော အဖွဲ့အစည်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဖြစ်သည်။ ကုန်သည်စက်မှုအသင်းချုပ်သည် နိုင်ငံတကာစီးပွားရေးနယ်ပယ်တွင် မိတ်ဆွေသစ် ကုန်သွယ်ဖက်များရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေပြီး ပုဂ္ဂလိကကဏ္ဍတစ်ရပ်လုံး ကမ္ဘာ့အဆင့်မီ မြှင့်တင်ပေးရန် အထောက်အကူပြုခဲ့သည်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းစီးပွားရေး ကဏ္ဍများပိုမိုသန်မာလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေး၊ နည်းပညာသစ်များနှင့် နိုင်ငံတကာစီးပွားရေး အလေ့အကျင့်ကောင်းများကို လက်ဆင့်ကမ်းသင်ယူနိုင်ရေးတို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် မရှိမဖြစ်သည့်ကဏ္ဍမှ ပါဝင်နေသည်။ မြန်မာနိုင်ငံတွင် အပြန်အလှန်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရာတွင် နိုင်ငံတကာမှ မိတ်ဆွေများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သော်လည်း လယ်ယာထုတ်ကုန်များနှင့်ပတ်သက်၍ အားနည်းမှုများ ရှိနေသေးသည်။ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ပိုမိုရရှိနိုင်မည်ဖြစ်သည်။ သီးထပ်များပါ စိုက်ပျိုးနိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်ပိုမိုရရှိနိုင်မည်ဟု သိရသည်။
ကုန်သွယ်ရေးနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများ၊ မြေပေါ်မြေအောက် သယံဇာတများ၊ အထည်ချုပ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ များစွာရှိသည်။ ပြန်လည်ဖြည့်တင်းနိုင်သော သယံဇာတပစ္စည်းများဖြစ်သည့် သစ်နှင့်ဝါး၊ ရေထွက်ကုန်ပစ္စည်း များကိုလည်း ဆောင်ရွက်သွားရန်လိုသည်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ အကျိုးကို ကိုယ်စားပြုသည့် အစိုးရမဟုတ်သော ဦးဆောင်အဖွဲ့အစည်းအနေဖြင့် နိုင်ငံတော်၏မူဝါဒ၊ လုပ်ငန်းစဉ်၊ အကြံဉာဏ်များ၊ နည်းပညာများ ကြုံတွေ့ရမည့် အခက်အခဲများကို ဦးစားပေးဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် ပုဂ္ဂလိကကိုယ်စားပြုပြီး တက်ကြွစွာဆောင်ရွက်ပေးရန်လိုသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ကောင်းမွန်သည့်အကြုံပြုချက်များ၊ တင်ပြချက်များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် အစိုးရနှင့်ပုဂ္ဂလိက လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3368 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
