နိုင်ငံ့စီးပွားအားကောင်းလာစေရေး MSME လုပ်ငန်းများ အားပေးမြှင့်တင်
နိုင်ငံ့စီးပွားအားကောင်းလာစေရေး MSME လုပ်ငန်းများ အားပေးမြှင့်တင်
Ministry of Information/ Naypyitaw / May 11, 2026
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးတို့အတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် စက်မှုအခြေခံနိုင်ငံမဟုတ်ဘဲ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံအဖြစ် အစဉ်အဆက်ရပ်တည်ခဲ့သောကြောင့် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ အစောပိုင်းခေတ်ကာလများကတည်းက အလွန်အားကောင်းခဲ့သည်။ ထိုခေတ်ကာလများက တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးခဲ့သောကြောင့် ပြည်တွင်းထုတ်ကုန်များကိုသာ မှီခိုအားထားခဲ့ရသဖြင့် MSME လုပ်ငန်းများ အားကောင်းခဲ့ခြင်းဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးသည့်အချိန်မှစ၍ ပြည်တွင်း MSME လုပ်ငန်းများ မှေးမှိန်အားနည်းသွားခဲ့သည်။ အမှန်တကယ်တွင် ပြည်တွင်း MSME လုပ်ငန်းများကို ခေတ်နှင့်လျော်ညီစွာ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အရည်အသွေးအဆင့်အတန်းသာလွန်သည့် ပြည်ပထုတ်ကုန်များကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံတကာတွင် SME လုပ်ငန်းများသည် ရှေးကာလများကတည်းက မျက်မှောက်ကာလထိတိုင် ခေတ်နှင့်ဆီလျော်အောင် မြှင့်တင်ဆောင်ရွက်နိုင်သောကြောင့် ယနေ့ထက်တိုင်အောင် SME လုပ်ငန်းများအားကောင်းနေဆဲဖြစ်သည်။ အချို့ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် SME လုပ်ငန်းများကို အားထားနေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေး အားကောင်းလာစေရေးအတွက် MSME လုပ်ငန်းများကို မဖြစ်မနေအားပေးမြှင့်တင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ဖြစ်သော ကျေးလက်နေပြည်သူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေကြသူများဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ MSME လုပ်ငန်းများကို အထူးအလေးထားအားပေးသွားရန်လိုပြီး ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အဓိကအလေးထားဆောင်ရွက်သွားကြရန်လိုသည်။ MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစု၊ လူသားအရင်းအမြစ်များလိုအပ်သလို ခေတ်ကာလနှင့်အညီ ခေတ်မီတိုးတက်သည့် နည်းပညာအဆင့်အတန်းများကို လိုက်ပါဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် စက်မှုနှင့်နည်းပညာဆိုင်ရာများကို ပြည်ပမှ ရယူရင်းနှီးမြှုပ်နှံရမည်ဖြစ်သော်လည်း ကုန်ကြမ်းများကို ပြည်ပမှဝယ်ယူဆောင်ရွက်ခြင်းထက် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်သည်။
MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ရင်းနှီးမတည်ငွေများကို နိုင်ငံတော်ကထုတ်ချေးပေးလျက်ရှိပြီး လိုအပ်သည့်ဖြေလျှော့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ လိုအပ်သည့် လူသားအရင်းအမြစ်များရရှိရေးကိုလည်း နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်က အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ MSME လုပ်ငန်းများအား မှတ်တမ်းတင်အသိအမှတ်ပြုပေးလျက်ရှိပြီး MSME ထုတ်ကုန်ပြပွဲများကို အခါအားလျော်စွာ ကျင်းပပေးလျက်ရှိသည်။ သာဓကအားဖြင့် ပြည်တွင်း၌ ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။ ဝါကိုအခြေခံသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် ပြည်ပသွင်းကုန်များကို လျှော့ချပြီး ပြည်တွင်းထုတ်ကုန်များကို အစားထိုးမြှင့်တင်ဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲအနေဖြင့် စဉ်ဆက်မပြတ် အားပေးကူညီဆောင်ရွက်ပေးမှုများကြောင့် MSME လုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာအဆင့်အတန်းမီပြီး အရည်အသွေးပြည့်မီသော ထုတ်ကုန်များထုတ်လုပ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3525 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
