နိုင်ငံ့အကျိုးပြု နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်
နိုင်ငံ့အကျိုးပြု နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်
Ministry of Information/ Naypyitaw / March 24, 2026
နေပြည်တော် မတ် ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် တွေ့ဆုံပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ တက္ကသိုလ်၏ အစဉ်အလာကောင်းများကို ရေရှည် ထိန်းသိမ်းပြီး နိုင်ငံ့အကျိုးပြု IT သုတေသနစီမံကိန်းများဖြင့် သက်ဝင်လှုပ်ရှားနေသည့် ရပ်ဝန်းကောင်း ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံတော်ဖွံ့ဖြိုးရေး အမှန်တကယ်အထောက်အကူ ပြုမည့် IT ပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးသွားရန်၊ Agro-based Industries နှင့် MSME များ၊ Cyber Security၊ E-commerce တို့တွင် AI အပါအဝင်ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာအရွေ့တို့ကို အသုံးချနိုင်ရေး အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားအဆောင်သို့သွားရောက်ကာ စားရိပ်သာ၌ ကျောင်းသားများအား ကျွေးမွေးရန်စနစ်တကျ ပြင်ဆင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကာ နေ့လယ်စာအတူသုံးဆောင်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်သို့ သွားရောက်ရာ မြေညီထပ်၌ထားရှိသော ၁၉၇၁ ခုနှစ်၌ တက္ကသိုလ်များ ကွန်ပျူတာဌာနကို တည်ထောင်သည်မှစ၍ ၁၉၇၂ ခုနှစ်တွင် အသုံးပြုခဲ့သော ပထမဆုံးသော Mainframe ကွန်ပျူတာ၊ ၁၉၇၃ ခုနှစ်၌ မြန်မာနိုင်ငံလူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုခဲ့သည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို လေ့လာကြည့်ရှုပြီး တန်ဖိုးရှိလှသောကွန်ပျူတာ ပစ္စည်းများဖြစ်၍ သက်ဆိုင်ရာခုနှစ်အလိုက် အမျိုးအစားနှင့် သုံးစွဲခဲ့ပုံတို့ကိုဖော်ပြလျက် အစီအစဉ်တကျထားရှိရန်၊ အဆိုပါပစ္စည်းများကို အခြေပြုလျက် ကွန်ပျူတာအသုံးပြုမှုများ ဖွံ့ဖြိုးတိုးတက်လာပုံ အချက်အလက်များကို စနစ်တကျပြုစု၍ ကျောင်းသားလူငယ်များသိရှိစေရေး ပြသထားရန်နှင့် ပြည်သူများ လေ့လာသိရှိနိုင်ရေးအတွက် တက္ကသိုလ် Website တွင်ပါ လွှင့်တင်ရေးဆောင်ရွက်သွားရန် မှာကြားကာ စာကြည့်တိုက်အတွင်း ပြင်ဆင်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)ရှိ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒုတိယဝန်ကြီးက ရွှေပြည်သာစက်မှုဇုန်နှင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းအခြေပြု MSME စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး တစ်တပ်တစ်အား အထောက်အကူပြုမည့် သင်တန်းသားများကို မွေးထုတ်ပေးသွားရန်၊ ဒေသတွင်းလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်မှုမှသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် ထိရောက်မြန်ဆန်စွာ တိုက်ရိုက်အကျိုးပြုနိုင်သည့် နည်းပညာသင်တန်းများကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားကာ စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အင်ဂျင်နီယာဘာသာရပ်အလိုက် လက်တွေ့ခန်းများ၊ အလုပ်ရုံများ၌ သုတေသန လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆရာ ဆရာမများအား လှည့်လည်ကြည့်ရှုအားပေးပြီး သုတေသနရလဒ်များမှသည် မူပိုင်ခွင့်များရရှိရေးနှင့် သက်ဆိုင်ရာဌာနများနှင့် စက်မှုလုပ်ငန်းများသို့ နည်းပညာများ စနစ်တကျလွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3479 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
