နိုင်ငံ့အခွင့်အလမ်းများဖော်ဆောင် တိုင်းပြည်ကောင်းကျိုးဝိုင်းဝန်းသယ်ပိုး


Ministry of Information/ Naypyitaw / June 05, 2026
image_latest


နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ ငါးရက်ကြာ ပထမဆုံးခရီးစဉ်အတွင်း နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ်ဦးတည်၍ အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ပညာသင်ကြားမှုမြှင့်တင်ရေးဆိုင်ရာကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ခရီးသွားမြှင့်တင်ရေးကဏ္ဍ စသည့်နယ်ပယ်စုံကဏ္ဍစုံ အသီးသီးတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို အခြေခံပြီး နိုင်ငံတော်သမ္မတ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံခေါင်းဆောင်များဖြစ်သည့် အိန္ဒိယသမ္မတကြီး၊ ဝန်ကြီးချုပ် မစ္စတာမိုဒီတို့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြသည့်အပြင် နှစ်နိုင်ငံတာဝန်ရှိသူများ သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြရာတွင် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်မှုနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး နှစ်ဦးနှစ်ဖက်သဘောတူညီချက်၊ နှစ်ဖက်ပူးတွဲကြေညာချက်များ ထုတ်ပြန်အသိပေးဆောင်ရွက်နိုင်ခဲ့ရာ ရရှိပြီးအခွင့်အလမ်းကောင်းများ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံသူနိုင်ငံသားများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။

အဓိကမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးသည် အရေးအကြီးဆုံးဖြစ်ပြီး နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ သို့မှသာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာဆောင်ရွက်နိုင်ကာ ပြည်သူများ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာ-အိန္ဒိယနယ်စပ်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို ပိုမိုကောင်းမွန်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အလားတူအခြားနယ်မြေဒေသများတွင် နေထိုင်ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့်လည်း တိုင်းပြည်အကျိုးစီးပွားကို ပြန်လည်သုံးသပ်ပြီး ဒီမိုကရေစီနည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက မကြာမြင့်သောကာလတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နိုင်ငံ၏ နိုင်ငံရေးစနစ်တွင်လည်းကောင်း၊ ပြည်သူများ၏ လူမှုဘဝအခြေအနေများတွင်လည်းကောင်း တူညီသည့်အချက်များစွာရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ကိုလိုနီစနစ်ကို အတူတကွတွန်းလှန်ခဲ့ကြသည့် သမိုင်းကြောင်းအရ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အတူတကွဖြစ်တည် ပေါ်ပေါက်လာရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ သံတမန်ဆက်ဆံရေး ၇၈ နှစ်တိုင်ရှိခဲ့ပြီဖြစ်သည်။ ဘာသာရေးနှင့် ယဉ်ကျေးမှုအရ ရှေးယခင်ကတည်းက ခိုင်မာသည့်ဆက်နွှယ်မှုများရှိခဲ့သည်။ ရှည်လျားသည့်ကုန်းမြေနှင့် ရေကြောင်းနယ်နိမိတ်များ ထိစပ်နေသည့်အပြင် ယနေ့ကာလတွင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများမှ တစ်ဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ယခုနိုင်ငံတော်သမ္မတကြီးခရီးစဉ်မှတစ်ဆင့် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်ပေးနိုင်မည့် အလားအလာကောင်းများရရှိလာပြီ ဖြစ်သည်။

နိုင်ငံတော်သမ္မတကြီး၏ခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy)နှင့် အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighborhood First Policy)တို့အရ မြန်မာနိုင်ငံနှင့် စီးပွားရေးအရပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကွင်းဆက်များ မြှင့်တင်ပေးနိုင်မည့် မဟာဗျူဟာကျသည့်မောင်းနှင်အား တစ်ရပ်ဖြစ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အစဉ်အလာမပျက်တည်ရှိနေပြီး ယခုနိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အိန္ဒိယနိုင်ငံခရီးစဉ်သည် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းကောင်းများရရှိလာပြီဖြစ်၍ နိုင်ငံတော်နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3547 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download