နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံမြို့တော်ဝန်များဖိုရမ် တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံမြို့တော်ဝန်များဖိုရမ် တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ
Ministry of Information/ Naypyitaw / September 18, 2024
နေပြည်တော် စက်တင်ဘာ ၁၇
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ဗီယင်ကျန်းမြို့တော်ဝန်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အာဆီယံမြို့တော်များ၏ အကြီးအကဲများ၊ မြို့တော်ဝန်များ အစည်းအဝေး(၂၀၂၄)နှင့် အာဆီယံမြို့တော်ဝန်များဖိုရမ် (၂၀၂၄)သို့ တက်ရောက်ရန် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ အစည်းအဝေးကို အာဆီယံမြို့တော်များအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးဆိုင်ရာ ပေါင်းစည်းညီညွတ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်နှီးနှောဖလှယ်မှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတွင် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်းလူမှုအသိုင်းအဝိုင်းအတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော မြို့တော်များအဖြစ် ဖန်တီးနိုင်ရေးအတွက် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်နိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ်နိုင်ခြင်းနှင့် ပြည်သူလူထုအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ဖော်ဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မြို့တော်များမှ အကြီးအကဲများနှင့် တီမောလက်စ်တေနိုင်ငံ ဒီလီမြို့မှ မြို့တော်ဝန်တို့က လေ့လာသူအဖြစ် တက်ရောက်ကြပြီး ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မဟာဗျူဟာမိတ်ဖက်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ကော်မတီနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3466 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
