နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များရှိ ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်မျိုးစုံနှင့်ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၄၁ ရက်မြောက် လှည့်လည်ရောင်းချ


Ministry of Information/ Naypyitaw / May 11, 2025
image_latest


နေပြည်တော် မေ ၁၀

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများ နှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၁ ရက်မြောက်နေ့အဖြစ် ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ဈေးကားရှစ်စီးဖြင့် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ တိုင်းဒေသကြီး / ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများ၊ ဇေယျာသီရိမြို့နယ် စုပေါင်းရုံး ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ ဝန်ထမ်းအိမ်ရာများ၊ ပညာရေးတိုက်တန်းရှိ ဝန်ထမ်းအိမ်ရာများ၊ ကံ့ကော်အိမ်ရာနှင့် ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဥပ္ပါတသန္တိဘုရား ပရိဝုဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) အိတ် ၇၀၊ ဆန်ငါးပြည်ပါ (ဖျာပုံ ပေါ်ဆန်း) အိတ် ၂၀၊ ဆီပိဿာ ၁၇၆၀၊ ဆား ၁၂ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ်ထုပ် ၅၀၊ ငါးပိသုံးပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သား ၂၄ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သား အထုပ် ၂၀၊ ငါးနီတူ ခြောက် ၁၀ ကျပ်သား ၂၅ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားအထုပ် ၂၀၊ ငါးရောင်ခြောက် ၁၀ ကျပ်သား ၁၀ ထုပ်၊ ကြက်ဥအလုံး ၆၀၀၊ ဘဲဥအလုံး ၁၀၀၊ ခေါက်ဆွဲခြောက် ၁၅ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့်ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်)ဖြင့် မေ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိသည်။

အလားတူ ယနေ့တွင် စစ်ကိုင်းမြို့၌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) လေးအိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား သုံးပိဿာ၊ ကုလားပဲ ၂၀ ကျပ်သား ပါ ကိုးဘူး၊ ငါးပိ တစ်ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သား တစ်ထုပ်၊ ပုစွန်ခြောက် ၃၀ ကျပ်သား၊ ကြက်ဥ ၆၃ လုံး၊ ဘဲဥ ၁၉ လုံး၊ ကြက်သွန်နီ ငါးပိဿာနှင့် အသားတု တစ်ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၇ အိတ်၊ စားအုန်းဆီ ပိဿာ ၂၂၀၀၊ ဆား ၁ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ လေးထုပ်၊ ငါးပိ ၅၀ ကျပ်သား၊ ငါးနီတူခြောက် ၁၀ ကျပ်သား သုံး ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား သုံးထုပ်၊ ကြက်ဥအလုံး ၂၆၁၀၊ ဘဲဥအလုံး ၆၈၀ နှင့် ခေါက်ဆွဲ ခြောက် ၂၅ ထုပ်တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3160 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download