နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ပလိန်ကျေးရွာအုပ်စု သုတပညာစာကြည့်တိုက်သစ်ဖွင့်လှစ်
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ပလိန်ကျေးရွာအုပ်စု သုတပညာစာကြည့်တိုက်သစ်ဖွင့်လှစ်
Ministry of Information/ Naypyitaw / October 22, 2025

ဘားအံ အောက်တိုဘာ ၂၁
နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာအုပ်စုသုတပညာစာကြည့်တိုက်သစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်သစ်တည်နေရာ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စာကြည့်တိုက်အဆောက်အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ စာကြည့်တိုက်အဆောက်အအုံကို ပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေကျပ်သိန်း ၂၀၀၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် ၆၈၁၅၈၀ဝ ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက စာကြည့်တိုက်အတွင်း သုတ၊ ရသ စာအုပ်စာစောင်များစုဆောင်းထားရှိမှု၊ ဒေသခံပြည်သူများ စာအုပ်စာပေလာရောက်လေ့လာ ဖတ်ရှုနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ မတည်ငွေဖြင့် စာကြည့်တိုက်ငါးတိုက်ကိုဆောက်လုပ်သွားမည်ဖြစ်ရာ ယခုဖွင့်လှစ်သည့်စာကြည့်တိုက်သည် ဒုတိယမြောက်ဖွင့်လှစ်သည့် စာကြည့်တိုက်ဖြစ်ကြောင်း၊ စာကြည့်တိုက်မှစာအုပ်စာပေများကိုဖတ်ရှုလေ့လာပြီး ဘဝတိုးတက်အောင်မြင်အောင်၊ စာဖတ်သည့်အလေ့အထများ စွဲမြဲလာအောင် တိုက်တွန်းပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် စေတနာရှင်အလှူရှင်များက စာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် ငွေပဒေသာပင်များ ပေးအပ်လှူဒါန်းကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့က သုတ၊ ရသစာအုပ်စာစောင်ပေါင်း ၁၅၀ ကို ပေးအပ်လှူဒါန်းကာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက သုတပညာစာကြည့်တိုက်အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းစာအုပ် စာစောင်နှင့် ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်သည်။
ယမန်နေ့ကလည်း ၂၀၂၅ ခုနှစ် ဘားအံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဘားအံမြို့လှာကမြင်ကွက်သစ် ဇွဲကပင်အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးပြီးအဖွင့်ပွဲစဉ်အဖြစ် ရပ်ကွက် (၃+၆) အသင်းနှင့်ခလောက်နို့အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရပ်ကွက် (၃+၆)အသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
Newspaper - 3326 items

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
