ပန်းတိုင်ရည်မှန်းချက်များပြည့်မီရေး အမှန်တကယ်အလုပ်လုပ်ဖော်ဆောင်


Ministry of Information/ Naypyitaw / December 22, 2025
image_latest


အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်ကို အရေးပေါ်အခြေအနေအရ တာဝန်ယူဆောင်ရွက်နေစဉ်အတွင်း ဦးတည်ချက်(၄)ရပ် ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက် မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” အချက်အား ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

ပြည်သူတို့၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွက် အရေးအကြီးဆုံးအချက်ဖြစ်သည်။ ပြည်သူများ၏ လူမှုစီးပွားဘဝများ အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်နေမှသာလျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး သာယာဝပြောမည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အရှည်တည်တံ့ပြီး ခိုင်ခိုင်မာမာလုပ်ဆောင်နိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရန်လိုအပ်သည်။ လက်ရှိတွင် ဒေသအများစု၌ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရန် လိုအပ်နေသည်ကိုတွေ့ရသည်။ အမှန်တကယ်အလုပ်လုပ်ကိုင်မှု၊ သွင်းအားစု၊ ရောင်းအားစု၊ ဒေသတည်ငြိမ်အေးချမ်းမှု၊ ရာသီဥတုစသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ပန်းတိုင်ရည်မှန်းချက်မပြည့်မီသည်ကိုတွေ့ရသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်တစ်ခုတည်းတွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် ဒေသဝင်ငွေ ၅၀၀ ဘီလီယံကျော်ခန့် လျော့နည်းသည်ဟုသိရသည်။ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဝင်ငွေလျော့နည်းမှုမရှိတော့ဘဲ တိုးတက်ရရှိလာမည်ဖြစ်ပြီး ကျေးလက်ပြည်သူများ လူမှုစီးပွားဘဝမြင့်မား လာမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့က မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် “လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စာရင်းဇယားကောက်ယူသူများ အနေဖြင့်လည်း မှန်ကန်သည့်စာရင်းဇယားများရရှိနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး အမှန်တကယ်အလုပ်လုပ်ကြရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်းလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးသည် အရေးပါသောအချက်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် လယ်ယာထွက်ကုန်ပစ္စည်းများထွက်ရှိမှု ကိန်းဂဏန်းအချက်အလက်များ ကွာခြားချက်ရှိသည်ဟု သိရသည်။ အမှန်အချက်အလက်များသိရှိမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလေ့လာဆန်းစစ်အဖြေရှာနိုင်ပြီး တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ ထောက်ပြပြောကြားမှုအရ ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် နိုင်ငံ့ဝင်ငွေ မည်မျှနစ်နာသည်ကို ခန့်မှန်းကြည့်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာဒေသအလိုက် အာဏာပိုင်များ၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများတွေ့ဆုံကာ နည်းလမ်းအဖြေရှာကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။

တစ်ဧက ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိစေရေးအတွက် နိုင်ငံတော်အနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း လိုအပ်ချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မြေပြင်၌စိုက်ပျိုးရေးလုပ်ကိုင်နေသူများကို လက်တွေ့ကွင်းဆင်း၍ လိုအပ်ချက်များကို မေးမြန်းသုတေသနပြုခဲ့ကြသည်။ မင်းဘူးဒေသအနေဖြင့် သီးနှံကိုးမျိုးစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးသူ၏အားနည်းချက်နှင့် ငွေကြေးအားနည်းချက်ဟုသိရှိရသည်။ ထို့ကြောင့် မြေပြုပြင်ခြင်းတွင် လိုအပ်သည့်ထွန်ယက်မှုများ လုံလောက်အောင်ပြုလုပ်ပေးခြင်း၊ ဓာတ်မြေဩဇာလိုအပ်မှုရှိပါက သဘာဝမြေဩဇာများထည့်သွင်းခြင်းကို ဆောင်ရွက်နိုင်သည်။ ထိုသို့ဖြည့်ဆည်းနိုင်ရန် နိုင်ငံတော်က စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးထားသည်။ ကောက်ကွက်ပြည့်မီရေးအတွက် စနစ်တကျအစေ့ချစိုက်ပျိုးခြင်းဖြင့် တစ်ဧကပန်းတိုင်အထွက် နှုန်းပြည့်မီရေးကို အထောက်အကူပြုမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်မြှင့်တင်ပေးနိုင်ရန်အတွက် ဒေသအလိုက် ပန်းတိုင်ရည်မှန်းချက်များပြည့်မီအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး အမှန်တကယ်ကြိုးစားအလုပ်လုပ်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3387 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download