ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / March 03, 2025
image_latest


နေပြည်တော် မတ် ၃

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့်လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် မူးယစ်ဂိုဏ်များအနေဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများကို အသုံးပြု၍ နည်းလမ်းမျိုးစုံဖြင့် သိုဝှက်သယ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။

၂၀၂၅ ခုနှစ်၊ ဖေလ ၂၈ ရက်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်းနှင့် ကျော်ဆန်းမင်းတို့နှင့်အတူ ယာဉ်အမှတ်၊ BGO-11/2R-2073 SOJEN အဖြူရောင်ယာဉ်ပေါ်မှ စက္ကူပုံး ၆ ပုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀.၂ သိန်းပြား၊ ကာလတန်ဖိုးငွေကျပ် ၁.၅၃ ဘီလီယံခန့်အားလည်းကောင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေ၊ ကြည်ကြည်ခိုင်တို့နှင့်အတူ ယာဉ်အမှတ်၊ YGN-41/HH-2534 Probox အဖြူရောင်ယာဉ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပြည်မြို့ရှိ ကုန်းမြင့်သာတည်းခိုခန်း၌ ကျော်ဝင်းနှင့် သောင်းထွန်းတို့အား ယာဉ်အမှတ်၊ BGO-11/ 2P-6694 Daihatsu Hijet အစိမ်းရောင်ယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကျော်ဝင်း၏ ထွက်ဆိုချက်အရ ကျော်လင်း (ဖမ်းဆီးရန်ကျန်) နှင့် စိုင်းကျော်လှ (ဖမ်းဆီးရန်ကျန်) တို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးသော မူးယစ်ဆေးဝါးများအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးရန် ငွေကျပ်သိန်း ၈၅၀ ဖြင့် ညှိနှိုင်းသဖြင့် သဘောတူခဲ့ကြောင်း၊ ၎င်းနောက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော မူးယစ်ဆေးဝါးများအား မအီမြို့နယ်၊ တလိုင်းတောင်ကျေးရွာသို့ ဆက်လက်ပို့ဆောင်ရန် ခင်မောင်မြင့်ရွှေအား ငွေကျပ်သိန်း ၃၅၀ ဖြင့် ညှိနှိုင်းခဲ့ရာ သဘောတူခဲ့ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိတရားခံ ခင်မောင်မြင့်ရွှေ၏ ထွက်ဆိုချက်အရ ကျော်ဝင်း၏ စေခိုင်းချက်ဖြင့် မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဇနီးဖြစ်သူ ကြည်ကြည်ခိုင်နှင့်အတူ စီးနင်းရန် ကျော်ဇင်လတ် ၏ Probox အဖြူရောင်ယာဉ်အား ငှားရမ်းခဲ့ကြောင်း၊ ၎င်းနောက် မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် ကျော်ဆန်းမင်း ပိုင်ဆိုင်သည့် SOJEN ယာဉ်အားငှားရမ်း၍ အဆိုပါယာဉ်ဖြင့် ကျော်ဆန်းမင်း၊ ယာဉ်မောင်း သန်းအောင်ဆွေနှင့် ယာဉ်နောက်လိုက် ကျော်ဝင်းထွန်းတို့အား လိုက်ပါရန် ချိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားခံပြေး ကျော်လင်းနှင့် စိုင်းကျော်လှတို့အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်သည်။

Newspaper - 3095 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၄ ရက်၊ မတ် ၂ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၃ ရက်၊ မတ် ၁ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၂ ရက်၊ ဖေဖော်ဝါရီ ၂၈ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁ ရက်၊ ဖေဖော်ဝါရီ ၂၇ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၂၆ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download