ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ


Ministry of Home Affairs/ နေပြည်တော် / November 04, 2025


     ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံး လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ အမှုရေးဖွင့်စုံစမ်း ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ထော်ကနွတ်ကျေးရွာရှိ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် လုံခြံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ဝါးခယ်မမြို့နယ်၊ အောင်လှိုင်ကြီးကျေးရွာနေ မျိုးမင်းဆွေ (ခ)မင်းမင်း ၄၇ နှစ်အား စစ်ဆေးရာ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် မောင်ကံ(ခ)ဖိုးကံ ထံသို့ Messenger မှတစ်ဆင့် ဆက်သွယ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲအား နှောင့်ယှက်ဖျက်ဆီးရမည်ဟု ရေးသားပေးပို့ ထားသည်ကို တွေ့ရှိရသဖြင့် ဝါးခယ်မမြို့မရဲစခန်း(ပ)၉၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။  

    အလားတူ အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ရခိုင်ချောင် (မြောက်)ကျေးရွာနေ ဦးသိန်းဆွေဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် နှစ်ဦးတို့သည် မဲပေးခွင့်ရှိသူများ မကျန်ရှိစေရေးစိစစ်ပြုစုရန် ရခိုင်ချောင်(မြောက်)ကျေးရွာ၊ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား တွေ့ဆုံရန် YGN-9 2M/XXXX TOYOTA ALPHARD အမျိုးအစားယာဉ်ဖြင့် လာရောက်စဉ် ရခိုင်ချောင်(မြောက်)ကျေးရွာ ရွာလယ်လမ်းအရောက်၌ ဘက်ထရီစက်ဘီး စီးနင်းလာသော တစ်ရွာတည်းနေ ကျော်သီဟန်(၄၆)နှစ်မှ ဦးသိန်းဆွေဦး၏ မော်တော်ယာဉ်ရှေ့တွင်စက်ဘီးဖြင့် ပိတ်ရပ်ကာ ညစ်ညမ်းစွာဆဲဆိုခြိမ်းခြောက်ခြင်းများပြုလုပ်ပြီး လက်သီးဖြင့် အကြိမ်ကြိမ်ထိုးကြိတ်  ခဲ့သဖြင့် ဦးသိန်းဆွေဦးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ကျော်သီဟန်အား ပျော်ဘွယ်ကြီးနယ်မြေ ရဲစခန်း (ပ) ၃၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း။

   အလားတူ အောက်တိုဘာ ၃၁ ရက်တွင် Facebook လူမှုကွန်ရက် စာမျက်နှာပေါ်၌ ရွေးကောက်ပွဲအကျိုးပြုပညာပေးဇာတ်လမ်းတိုနှင့် ပတ်သက်၍ ပြည်သူလူထု အထင်အမြင်လွဲမှား စေရန် ဆန့်ကျင်လှုံ့ဆော်သည့် စာသားများရေးသားဖြန့်ဝေခဲ့သည့် Hanni Linn (Be Bee)Facebook Account ပိုင်ရှင်ဖြစ်သူ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နယ်မြေ(၉)နေ သန်းသန်းစိုး(ခ) ဟန်နီလင်း ၃၁ နှစ်အား တောင်ကြီးနယ်မြေရဲစခန်း (ပ) ၁၅၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့်  လည်းကောင်း။

    အလားတူ နိုဝင်ဘာ ၁ ရက်တွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရွေးကောက်ပွဲ အကျိုးပြုပညာပေးဇာတ်လမ်းတိုနှင့် ပတ်သက်၍ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ဆန့်ကျင် လှုံ့ဆော်သည့် စာသားများရေးသားဖြန့်ဝေခဲ့သည့် Ju Ju (Ju Yati Ko) Facebook Account ပိုင်ရှင်ဖြစ်သူ ဂျူးရတီကိုအား ကမာရွတ်မြို့မရဲစခန်း(ပ)၂၆၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။

     အလားတူ နိုဝင်ဘာ ၂ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ရှေ့လမ်းဘေးတွင် စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီမှ ဘားအံမြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောမြင့်ဦး၏ ဓာတ်ပုံနှင့် စာသားပါ ဗွီနိုင်းဆိုင်းဘုတ်အား ဆုတ်ဖြဲခဲ့သူ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်နေသူများဖြစ်ကြသည့် ထွန်းထွန်းဝင်း ၃၁ နှစ်နှင့် ဖြိုးမင်းသန့် ၁၅ နှစ်တို့အား ဘားအံမြို့မရဲစခန်း(ပ)၁၂၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကိုနှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း။

    အလားတူ နိုဝင်ဘာ ၂ ရက်တွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရွေးကောက်ပွဲ အကျိုးပြုပညာပေးဇာတ်လမ်းတိုနှင့်ပတ်သက်၍ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ဆန့်ကျင် လှုံ့ဆော်သည့် စာသားများရေးသားဖြန့်ဝေခဲ့သည့် Kyawat Hsu Latt Facebook account ပိုင်ရှင်ဖြစ်သူ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်နေ ကျော့ဆုလာဘ်(၃၂)နှစ်အား ပုသိမ်မြို့မရဲစခန်း (ပ) ၁၂၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့်လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 3338 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download