ပိုမိုကောင်းမွန်သောအရှိန်အဟုန်ကို လက်ဆင့်ကမ်းပေးဝေဆောင်ရွက်
ပိုမိုကောင်းမွန်သောအရှိန်အဟုန်ကို လက်ဆင့်ကမ်းပေးဝေဆောင်ရွက်
Ministry of Information/ Naypyitaw / March 12, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းကို မတ် ၁၀ ရက်က နေပြည်တော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သဘင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတက ဆွေးနွေးမှာကြားခဲ့ရာတွင် “မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်ကာလအတွင်း အခက်အခဲအကျပ်အတည်းပေါင်းများစွာမှ ကြံ့ကြံ့ခံ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့ချိန်ကာလများအတွင်း နိုင်ငံတော်အတွက် သစ္စာရှိစွာဖြင့် လက်တွဲလုပ်ဆောင်ခဲ့မှုများအတွက် အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပြီး မိမိတို့၏ တာဝန်ထမ်းဆောင်ခဲ့မှုများသည် နိုင်ငံတော်တွင် မှတ်ကျောက်တင်ခံ ကြရမည်ဖြစ်ကြောင်း၊ နောင်လာမည့်အစိုးရအနေဖြင့် ယခုကဲ့သို့အခက်အခဲများ ကြုံတွေ့ရမှုမရှိစေရေးအတွက် မိမိတို့ တာဝန်ထမ်းဆောင်ခဲ့ရသည့် အချိန်ကာလများအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် အတွေ့အကြုံများကို ပြည့်ပြည့်စုံစုံရေးသားဖော်ပြ၍ စနစ်တကျ လွှဲပြောင်းပေးသွားကြရန်လိုကြောင်းနှင့် ကောင်းမွန်သည့်လုပ်ဆောင်မှုများကို လက်ဆင့်ကမ်းပေးခဲ့ကြရမည်”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပြည်သူများ၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီခရီးလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အတွက် တပ်မတော်က လမ်းခင်းပုံဖော်ပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှစတင်၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရာ လေးကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ဒီမိုကရေစီအစိုးရ သက်တမ်းကို နှစ်ကြိမ်ဖြတ်သန်းခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရလဒ်များဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းမှုမရှိဘဲ မဲမသမာမှုရလဒ်များဖြင့် ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မလုယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်၍ အစိုးရကို ဖွဲ့စည်းရာတွင် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှုရှိစေရေး တပ်မတော်သားများဖြင့်သာ သီးခြားဖွဲ့စည်းခြင်းမဟုတ်ဘဲ နိုင်ငံ့အကျိုးကိုဆောင်ရွက်နိုင်ပြီး အတွေ့အကြုံရှိသည့် အရပ်သားများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံရေးတိုးတက်မှု ရှိစေရေးအတွက် ယခင်အစိုးရများလက်ထက်က ယေဘုယျအားဖြင့်နိုင်ငံတွင် ကျင့်သုံးသည့် စနစ်များအလိုက် အစိုးရများနှင့် နိုင်ငံရေးပါတီများက ဆောင်ရွက်ခဲ့ကြသည်။ ယနေ့ခေတ်ကာလတွင် ယခင်ခေတ်ကာလများနှင့်မတူသည့် နိုင်ငံရေးအခင်းအကျင်းများကို ဖြတ်သန်းဆောင်ရွက်ခဲ့ရသည်။ အခက်အခဲနှင့် စိန်ခေါ်မှုများစွာတို့ကို ကြုံတွေ့ဖြတ်သန်းကြရသည်။ ယခုကာလတွင် အစိုးရနှင့် နိုင်ငံရေးပါတီများသာမက ပြည်တွင်း၌ ဖွဲ့စည်းထားသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများကပါ ဝိုင်းဝန်းပါဝင် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့တာဝန်ကို စတင်တာဝန်ယူထမ်းဆောင်ချိန်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များတွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များပြီးဆုံးပါက ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်သည်။ သို့သော် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများအထိဖြစ်ပေါ်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်တစ်ဆက်တည်း သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည်။ ထို့ကြောင့် အခက်အခဲအကျပ်အတည်းအမျိုးမျိုးကြားမှ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ပေါ်ထွက်လာမည့်အစိုးရသစ်ကို ကောင်းမွန်သောအမွေများ လက်ဆင့်ကမ်းပေးနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပြည်သူများ တစ်သားတည်းဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အခက်အခဲအကျပ်အတည်းပေါင်းများစွာကြားမှ ကြံ့ကြံ့ခံ၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး နောင်လာမည့်အစိုးရသစ်ကို ကောင်းမွန်သည့်ဆောင်ရွက်ချက်များ စနစ်တကျ လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်ကာ ပိုမိုကောင်းမွန်သည့် နိုင်ငံသစ်ကို တည်ဆောက်ကြမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3467 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
