ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဆွာချောင်းတံတား ရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆင်သေချောင်း ရေကြီးရေလျှံမှု လျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတား ရေလမ်းပိုင်းတို့တွင် သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဆွာချောင်းတံတား ရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆင်သေချောင်း ရေကြီးရေလျှံမှု လျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတား ရေလမ်းပိုင်းတို့တွင် သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Ministry of Transport and Communications/ Naypyitaw / December 22, 2025
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ၂၀-၁၂-၂၀၂၅ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး (အမြန်လမ်း)၊ ဆွာချောင်းတံတား ရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဆင်သေချောင်း ရေကြီးရေလျှံမှု လျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတားရေလမ်းပိုင်းတို့တွင် သောင်တူးဖော်ခြင်းလုပ်ငန်းများ၊ အထောက်အကူပြုရေလွှဲရေကာများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆွာချောင်းတံတားစီမံကိန်းသို့ ရောက်ရှိစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးမှ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် ယခုဆောင်ရွက်ထားသော Steel Basket ရေကာများနှင့် တံတားရေလယ်တိုင်များ အနေအထားအရ ရေလမ်းကြောင်းကောင်းမွန်စေရန် ရေရှည်တွင် ဆွာချောင်းစီးဆင်းမှု မှန်ကန်စေရေး တိုင်းတာစစ်ဆေးမှုများအား ပူးပေါင်းဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆွာချောင်းတံတားသည် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း တောင်တရုတ်ပင်လယ်ပြင်မှ ဝင်ရောက်ခဲ့သော မုန်တိုင်းမိုးများကြောင့် တံတား၏ရန်ကုန်ဘက်ခြမ်း ကမ်းကပ်ခုံရေတိုက်စားပျက်စီးခဲ့ရပြီး နိုင်ငံတော်ယာယီသမ္မတ၏ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့သို့ သွားရောက်ကြည့်ရူ စစ်ဆေးခဲ့သည့်ခရီးစဉ်တွင် “ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးရှိ ဆွာချောင်းတံတားသို့ ရေစီးကြောင်း မှန်ကန်စွာစီးဆင်းစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ခြင်းအပေါ် ဆွာချောင်းရေတိုက်စားမှု ကာကွယ်ရန်နှင့် တံတားအဝင် ရေလမ်းကောင်းမွန်စေရန်တို့အတွက် Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အလျား ၁၃၅၀ ပေ၊ Steel Basket ရေကာအလျား ၉၀၀ ပေ နှင့် သုံးတန်းသွား မျောတိုင်တန်းရေကာ အလျား ၁၅၀ ပေ ၆ ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ၈-၈-၂၀၂၅ ရက်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ ၁၀၀% ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၄ ခုနှစ်အတွင်း ရာဂိမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းတစ်လျှောက်ရှိ ပတ်ဝန်းကျင်ကျေးရွာများနှင့် လမ်းတံတားများ ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ၏ ၂၈-၉-၂၀၂၄ ရက်တွင် နေပြည်တော်ကောင်စီအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည့်ခရီးစဉ်လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဥယျာဉ်တံတား အဝင်ရေလမ်းနှင့် ရေထိန်းရေကာများ တည်ဆောက်ရေးလုပ်ငန်းနေရာသို့ ရောက်ရှိ စစ်ဆေးခဲ့သည်။
ဥယျာဉ်တံတား ရေလမ်းကြောင်းပြုပြင်ရေးစီမံကိန်းသည် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဆင်သေချောင်းအား ဖြတ်သန်းတည်ဆောက်ထားသော တံတားဖြစ်ပြီး ရာဂိမုန်တိုင်းဒဏ်ကြောင့် ကမ်းပြိုကမ်းစား ဖြစ်ပေါ်မှုများကြောင့် တံတားပျက်စီးမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စီမံကိန်းတစ်ခုဖြစ်သည်။ ဆင်သေချောင်းရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဥယျာဉ်တံတားအဝင်ရေလမ်းနှင့် သိုက်ချောင်းတံတားရေလမ်းကောင်းမွန်ရေး အစီအမံများအား ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းတွင် အလျား ၃,၀၀၀ မီတာ၊ သိုက်ချောင်းတံတားရေလမ်းတွင် အလျား ၃,၂၅၀ မီတာရှိ သောင်တူးဖော်ခြင်းလုပ်ငန်းများအား ၁၂-၁၀-၂၀၂၅ ရက်တွင် စတင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးမှုမှာ ၂၈% ရှိပြီဖြစ်ပါသည်။ အထောက်အကူပြု Steel Basket ရေလွှဲရေကာများ တည်ဆောက်ခြင်း အလျား ၈၅၀ ပေ ၅ ခု နှင့် Steel Basket မြေထိန်းနံရံအလျား ၁၅၀ ပေ ၅ ခု တို့အား ၁-၉-၂၀၂၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း ပြီးစီးမှုမှာ ၆၇% ရှိပြီဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးထွန်းနိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း) က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများအရည်အသွေးပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဆင်သေချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရေရှည်ဆောင်ရွက်သင့်သောလုပ်ငန်းများ၊ ဥယျာဉ်တံတားနှင့် သိုက်ချောင်းတံတားတို့ ရေရှည်တည်တံ့စေရေး ဌာနမှစစ်ဆေးဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆင်သေချောင်း၏ သဲနုန်းကျဆင်းမှုအား ရေရှည်တွင်ထိန်းသိမ်းရမည့် လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
Newspaper - 3387 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
