ပုပ္ပား-တောင်ကလပ်သွားကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် မြေထိန်းနံရံနှင့် လမ်းသားပဲ့ကျခဲ့မှုအား ဘိုးတော်ထွက်ပွဲကာလ ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန် (ယာယီ) ပြုပြင်ပြီးစီး
ပုပ္ပား-တောင်ကလပ်သွားကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် မြေထိန်းနံရံနှင့် လမ်းသားပဲ့ကျခဲ့မှုအား ဘိုးတော်ထွက်ပွဲကာလ ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန် (ယာယီ) ပြုပြင်ပြီးစီး
Ministry of Information/ Naypyitaw / September 18, 2024

ကျောက်ပန်းတောင် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပုပ္ပားမှ တောင်ကလပ်သို့သွား ကားလမ်း မိုင်တိုင်(၁၈/၀)တွင် ရာဂီမုန်တိုင်းကာလ မိုးများစွာရွာသွန်းမှုကြောင့် (၁၂.၉.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက မြေထိန်းနံရံ အနည်းငယ်ပြိုကျခဲ့ပြီး ကတ္တရာလမ်းသားပဲ့ကျမှု ဖြစ်ပွားခဲ့ရာ အဆိုပါလမ်းပိုင်းအား ဘိုးတော်ထွက်ပွဲကာလ ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန်အတွက် မြို့နယ်လမ်းဦးစီးဌာနမှ ယာယီအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ပေးခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြုပြင်မှုလုပ်ငန်းများ ပြီးစီး၍ မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာသွားလာနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်အောင်မင်းခေါင် ပြည်တော်ဝင် ထွက်ပွဲ/အောင်ပွဲကို နှစ်စဉ် တော်သလင်းလပြည့်ကျော် (၂)ရက်နေ့ ညနေပိုင်းအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်သူများက တော်သလင်းလပြည့်နေ့ မတိုင်မီကပင် အစုအဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းသော်လည်းကောင်း၊ ဘုရားဖူး ပြည်သူများနှင့်အတူ ကားကြီးကားငယ်များဖြင့် လာရောက်လေ့ရှိကြသည်။
ယခုနှစ်တွင် ဘိုးတော်ထွက်ပွဲ မတိုင်မီ ရာဂီမုန်တိုင်း အရှိန်ဖြင့် ၃ ရက်ခန့် မိုးများအဆက်အပြတ် ရွာသွန်းခဲ့မှုကြောင့် ပုပ္ပား-တောင်ကလပ် ကားလမ်း (အောင်သိန္ဓိကုန်းအဆင်း)တွင် မြေကာနံရံ အမြင့်ပေ ၂၀ ခန့် ပြိုကျနိမ့်ဆင်းသွားခဲ့ပြီး လမ်းနှုတ်ခမ်းသား အလျား ပေ(၄၀)ခန့်၊ အကျယ် (၆)ပေခန့် ပဲ့ကျသွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လမ်းပျက်စီးမှုကို ဘိုးတော်ထွက်ပွဲအမီ ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာအသုံးပြုနိုင်စေရန်အတွက် မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးထွန်းအောင်ကြင်က အနီးကပ်ကြီးကြပ်၍ ပျက်စီးမှုအား ယာယီအစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ရာ ၁၇.၉.၂၀၂၄ ရက်နေ့တွင် ပြုပြင်မှုလုပ်ငန်း ပြီးစီး၍ မော်တော်ယာဉ်ငယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)

Newspaper - 3211 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။
