ပုသိမ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပ


Ayeyarwaddy Region Government/ ပုသိမ် / February 14, 2025


ပုသိမ်         ဖေဖော်ဝါရီ       ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ညပိုင်းတွင်ပြုလုပ်ခဲ့ရာ ညစာစားပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊   တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြည်ထောင်စုနေ့အခမ်းအနားကိုနှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိပြီး ပြည်ထောင်စုနေ့မတိုင်မီ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၈ခရိုင်၊ မြို့နယ်အသီးသီးရှိ ဆောင်ရွက်ချက်များ၊ MSME ထုတ်ကုန်ပစ္စည်းများ၊ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲများကျင်းပခဲ့ပြီး ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းတည်ဆောက်ကာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့်ဒေသခံများကသာ ခံစားရမည်ဖြစ်သောကြောင့် မိမိတို့ဒေသအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြကာ မိမိတို့မျှော်မှန်းထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး တိုင်းရင်းသားအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်(၅)ရပ်ကို ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးက လေးနက်စွာခံယူ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တင့်တင့်တယ်တယ် ဝင့်ဝင့်ထည်ထည် တည်တံ့နေစေရေးအတွက် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား ပြည်ထောင်စုဖွားသွေးချင်းများအားလုံးဥမကွဲသိုက်မပျက် ခိုင်မြဲစွာလက်တွဲလျက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍  ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ၂၀၂၅ခုနှစ်၊  (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSMEပြခန်းတွင် MSME အသေးစား(Micro)အကောင်းဆုံးဆု၊ MSME အငယ်စား(Small)အကောင်းဆုံးဆု၊ MSME အလတ်စား(Medium)အကောင်းဆုံးဆုနှင့် One Region One Product (OROP)အကောင်းဆုံးဆုရရှိသူများ၊ ၂၀၂၅ခုနှစ်၊  (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့်ပြခန်းများ၊ ၂၀၂၅ခုနှစ်၊  (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်  သစ်သီးဝလံပြခန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့်ပြခန်းများကို တိုင်းဒေသကြီးဝန်ချုပ်ကလည်းကောင်း၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊  (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအ‌ဆင့်စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဥပဒေချုပ်ကလည်းကောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးကလည်းကောင်း၊ အခြေခံပညာဆရာအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ပညာအလင်္ကာ တေးဂီတအဖွဲ့မှ ပြည်ထောင်စုနေ့ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုညစာများကို အတူတကွသုံးဆောင်ခဲ့ကြ​ကာ  ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။

Newspaper - 3103 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download