ပဲခူးတိုင်းဒေသကြီးရှိ တမံထိခိုက်မှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်
ပဲခူးတိုင်းဒေသကြီးရှိ တမံထိခိုက်မှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်
Ministry of Information/ Naypyitaw / July 12, 2025

နေပြည်တော် ဇူလိုင် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ဝါးကတုတ်ရေလှောင်တမံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေအလေအလွင့်မရှိ ဖြန့်ဝေနိုင်ရေး၊ တမံဘေးကင်းလုံခြုံရေးနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးများကြောင့် တမံထိခိုက်မှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
မိုးရာသီတွင် ပဲခူးရိုးမမှ စီးဆင်းလာသောရေများကြောင့် အဆိုပါဒေသတွင် ကြုံတွေ့ရသည့် ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရန် ပဲခူးမြို့နယ်တောင်ဆက်အင်းကျေးရွာအထက် လေးမိုင်ခန့်အကွာ ဝါးကတုတ်ချောင်းပေါ်တွင် ပင်မတမံအလျား ပေ ၆၄၀၀၊ အမြင့် ၈၆ ပေ ကုန်းကြောတမံ ၁၁ ခုပါဝင်ပြီး မြေသားတမံအမျိုးအစား ဝါးကတုတ်ရေလှောင်တမံမှ နွေစပါးနှင့် မိုးစပါးစိုက်ပျိုးသည့် လယ်မြေဧက ၁၀၀၀ ခန့်ကို စိုက်ပျိုးရေပေးဝေလျက်ရှိသကဲ့သို့ မိုးယွန်းကြီးကန်သို့ နှစ်စဉ်ရေကူပို့လွှတ်ပေးလျက်ရှိသည်။
ဇူလိုင် ၁၀ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး၊ ခရိုင်ဦးစီးဌာနမှူးများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်ချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး အဓိကသီးနှံများအတွက် သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာဌာနများ ပူးပေါင်းစီမံဆောင်ရွက်ရန်၊ တစ်ဧကချင်း၏ သီးနှံထုတ်လုပ်နိုင်စွမ်းတိုးတက်ရေးနှင့် အခြေအနေပေးသည့် ဒေသများတွင် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးအတွက် နည်းပညာပေးလုပ်ငန်းများနှင့်အတူ အသိပညာပေးစည်းရုံးဆောင်ရွက်ရန်၊ ဒေသနှင့် သင့်တော်သည့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးမြူထုတ်လုပ်ခြင်းအထိ တိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ဒေသ၏ အသားထုတ်လုပ်မှုကဏ္ဍမြှင့်တင်ရေး၊ နိုင်ငံ့ဝန်ထမ်းဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အားထုတ်ကြိုးပမ်းသွားရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် ဦးစီးဌာနအလိုက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားပြီး လိုအပ်ချက်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3221 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download