ပျဉ်းမနားမြို့နယ်၌ အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
ပျဉ်းမနားမြို့နယ်၌ အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / January 14, 2025
နေပြည်တော် ဇန်နဝါရီ ၁၄
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာရှိ PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်တွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မှာ ပါးစပ်အတွင်း ကျွန်းရွက်ခြောက်များ ဆို့သွင်းထားပြီး လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့အား အင်္ကျီ/ ပလတ်စတစ်ကြိုးများဖြင့် ချည်နှောင်လျက် ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ခန္ဒာကိုယ်၌ ပွန်းခြစ်ဒဏ်ရာများ၊ ဝဲဘက်နားသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ရွာကောက်နယ်မြေရဲစခန်း (ပ) ၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရပ်မှတ်တမ်းများ ရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း (၁) ရပ်ကွက်နေ ကျော်ဇင်မိုး (၃၄) နှစ် (ဘ) ဦးအောင်မြင့်ဖြစ်ကြောင်းနှင့် ၎င်းသည် ဇန်နဝါရီလ ၆ ရက်နေ့ ည ၈ နာရီခွဲအချိန်က နေအိမ်မှ နှင်းဆီအဝိုင်းဘက်သို့ ၄၇ယ/၃၂၁၉၃ နံပါတ်ပါ Scoppy အမျိုးအစားဆိုင်ကယ် ၁ စီးဖြင့် သွားရောက်ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ Scoppy အမျိုးအစား ဆိုင်ကယ် ၁ စီး၊ Infinix အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်ပါ ပိုက်ဆံအိတ် ၁ လုံး၊ ယာဉ်မောင်းလိုင်စင် ၁ ခု၊ စမတ်ကတ်တို့နှင့်အတူ ပျောက်ဆုံးနေသူဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ နယ်မြေအတွင်း မိမိအမာခံသတင်းပေးများထံမှ ရရှိသော အချက်အလက်များနှင့် အခင်းဖြစ်ရပ်အထောက်အထားများအရ ဇန်နဝါရီလ ၁၂ ရက်နေ့ညပိုင်းတွင် တရားခံ ပျဉ်းမနားမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ဝေဠုကျော် (၂၀) နှစ် (ဘ) ဦးမျိုးအောင်နှင့် သဲကျွန်းကျေးရွာနေ ကောင်းခန့်ဇော် (ခ) ဆင်ပေါက် (၁၆) နှစ် (ဘ) ဦးသိန်းလွင်တို့ ၂ ဦးတို့အား ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ်က လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံ Scoppy အမျိုးအစား ဆိုင်ကယ် ၁ စီးနှင့် Infinix အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဝေဠုကျော်နှင့် ကောင်းခန့်ဇော် (ခ) ဆင်ပေါက်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်ရာ၌ ပါဝင်သူ ဖမ်းဆီးရန်ကျန်တရားခံ ကျော်ဇင်ထက် (စိစစ်ဆဲ) တို့ ၃ ဦးသည် PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်၌ ခင်မင်ရင်းနှီးသူ ကျော်ဇင်မိုးနှင့် တွေ့ဆုံစဉ် ငွေကြေးလိုအပ်ချက်အရ ကျော်ဇင်မိုးအား သတ်ဖြတ်ခဲ့ကြပြီး ၎င်း၏ Scoppy အမျိုးအစား ဆိုင်ကယ်နှင့် infinix အမျိုးစား လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ တရားခံ ဝေဠုကျော်နှင့် ကောင်းခန့်ဇော် (ခ) ဆင်ပေါက်တို့ ၂ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ဇင်ထက်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 3463 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
