ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏(၁၉) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / July 15, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်)ဝန်ထမ်းများ၏ (၁၉) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရ ကျောင်းတိုက်တို့မှ ပင့်ဖိတ်ထားသည့် သံဃာတော်အရှင်သူမြတ် ၁၀ ပါး ကြွရောက်ချီးမြှင့် တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်၍ ဝါဆို သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ပျဉ်းမနားမြို့ ဘုရားကြီးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါး သီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်တို့ က သံဃာတော် အရှင်သူမြတ်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ရတနာဘုမ္မိသာရကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန် တို့က ရတနာရွှေမိုး ငွေမိုး ရွာသွန်းဖြိုးပေးခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များ ထံ နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ငွေသားနှင့်ပစ္စည်းစုစုပေါင်း တန်ဖိုးငွေ ကျပ် ၅,၈၂၃,၀၀၀ ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ယင်းနေ့နံနက်ပိုင်းတွင်လည်း လယ်ဝေးမြို့နယ်၊ ဝိသာခါပုဏ္ဏမီဂုဏ်ဝေ သီလရှင် ပရဟိတစာသင်တိုက်နှင့် အောင်ချမ်းသာသီလရှင်စာသင်တိုက်များသို့ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်း စုစုပေါင်း ကျပ် ၆၃၈,၀၀၀ လှူဒါန်းခဲ့ကြသည်။

Newspaper - 3225 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download