ပြည်ထောင်စုတစ်ဝန်းလုံးပေါင်းစည်း ကုန်ထုတ်စွမ်းအားမြှင့်တင်ဖော်ဆောင်
ပြည်ထောင်စုတစ်ဝန်းလုံးပေါင်းစည်း ကုန်ထုတ်စွမ်းအားမြှင့်တင်ဖော်ဆောင်
Ministry of Information/ Naypyitaw / February 04, 2026
နှစ်စဉ်နှစ်တိုင်း ပြည်ထောင်စုနေ့အချိန်ကာလရောက်တိုင်း မြန်မာနိုင်ငံ၏ စုပေါင်းဆောင်ရွက်နိုင်မှုစွမ်းပကားများကို ဖော်ထုတ်ပြသလေ့ရှိသည်။ ပြည်ထောင်စုသားများအားလုံး၏ ညီညွတ်မှုစွမ်းပကားများသာမက ပြည်ထောင်စုသားများ၏ ကာယ၊ ဉာဏဆောင်ရွက်နိုင်မှုစွမ်းပကားများကို ဖော်ထုတ်ပြသကြခြင်းသည် မြန်မာနိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် စုပေါင်းစွမ်းပကားများပင်ဖြစ်သည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်နေ့အထိ ခြောက်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြခန်း ၁၅ ခန်း ပါဝင်ပြသသွား မည်ဟု သိရသည်။ ပြခန်းများအပြင် ဝန်ကြီးဌာနပြခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ လျှပ်စစ်နှင့် စက်မှုယာဉ်ပြခန်းများ၊ အထည်ချုပ်ပြခန်းများစသည့် ပြခန်းပေါင်း ၁၂၄ ခန်းတို့ကို ပြသသွားမည်ဖြစ်သည်။
MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ပြသမည့်ပြခန်းများတွင် MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့်စက်မှုလုပ်ငန်းများကို ပြခန်းအလိုက် အမျိုးအစားစုံလင်စွာ ပါဝင်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မိုက်ကရိုအသေးစားထုတ်ကုန်များ၊ အငယ်စားထုတ်ကုန်များ၊ အလတ်စားထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်း၊ လက်မှုထည်စသည့် အသေးစားစက်မှုလုပ်ငန်းထုတ်ကုန်များ၊ ကုန်ထုတ်သမဝါယမအသင်း၏စွမ်းဆောင်ရည်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ထုတ်ကုန်များကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်သည်။ ထို့အတူ ဒေသအလိုက် ထင်ရှားလူကြိုက်များသည့် တိုင်းရင်းသားရိုးရာအစားအစာများလည်း ရောင်းချပေးသည့် အစီအစဉ်လည်းပါဝင်သည်။
စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသည့် နည်းပညာရပ်များအား ပြသသွားမည်ဖြစ်ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမှ ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့် စားသောက်ကုန်များဖြစ်သည့် ဝိုင်၊ ဖျော်ရည်၊ အမှုန့်၊ အနှစ်၊ သစ်သီးခြောက်နှင့်ယိုအမျိုးမျိုး၊ စက်မှုကုန်ကြမ်းနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဝါဂွမ်းမှထွက်ရှိသည့် ချည်ထည်များအပြင် ပိုးစာမှထုတ်လုပ်သည့် ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆေးနှင့် အရေပြားအလှကုန်ပစ္စည်းများ၊ နှစ်ရှည်သီးနှံများဖြစ်သည့် မက္ကဒေးမီးယားဆီကို အခြေခံသည့် လူသုံးကုန်အလှအပပစ္စည်းများ၊ ပျားရည်၊ ရော်ဘာကုန်ချောပစ္စည်းများဖြစ်သည့် လက်အိတ်၊ ဖိနပ်၊ အပိုပစ္စည်းနှင့် ရော်ဘာရွက်ပန်းအလှဆင်ခြင်းစသည့် ပစ္စည်းများစုံလင်စွာ ခင်းကျင်းပြသသွားမည်ဖြစ်သည်။
ထို့အပြင် အသားနှင့် အသားထွက်ပစ္စည်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းများနှင့် သီးနှံအမျိုးမျိုးမှ ထုတ်ကုန်ပစ္စည်းများ ပြုလုပ်ပုံပြုလုပ်နည်းများ၊ ထုတ်ကုန်များကို တရားဝင်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဆက်စပ်ပစ္စည်းများ တင်သွင်းနိုင်မည့်လုပ်ငန်းစဉ်များ၊ ဝန်ဆောင်မှုများ၊ ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဈေးကွက်ချိတ်ဆက်မှုများ၊ ကုန်ထုတ်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များစသည့် ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်း အစီအစဉ်များအားလုံးကို တပေါင်းတစည်းတည်း စုံစုံလင်လင် ဝေဝေဆာဆာ ကျယ်ကျယ်ပြန်ပြန့် ပြသပေးသွားမည်ဖြစ်သည်။ ပြပွဲသို့ လာရောက်ကြည့်ရှုလေ့လာကြသူ ပြည်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာ၊ နည်းပညာဗဟုသုတများရရှိမည်ဖြစ်ပြီး အချို့ကုန်ထုတ်လုပ်ငန်းများအတွက် ထုတ်လုပ်မှုအဆင့်ဆင့်နှင့် အရည်အသွေးမြှင့်တင်မှုနည်းစနစ်များကိုပါ သိရှိနိုင်မည်ဖြစ်သည့်အပြင် သက်ဆိုင်ရာပညာရှင်များနှင့် တိုက်ရိုက်ဆွေးနွေးပြီး မိမိနှင့်ဆိုင်ရာကဏ္ဍအလိုက် အကြံဉာဏ်အကူအညီများ ရရှိနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ရေခံမြေခံအခြေခံကောင်းများ ပိုင်ဆိုင်ထားပြီး ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ပြည်တွင်း၌ပင် ဖန်တီးရယူနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ သိရှိနားလည်ဆောင်ရွက်နိုင်မှု အားနည်းသောကြောင့် လူသုံးကုန်အခြေခံပစ္စည်းများကို ပြည်တွင်း၌ အရည်အသွေးမြှင့်ထုတ်လုပ်မှု၌ လိုအပ်ချက်များ၊ ပြည်ပမှကုန်ပစ္စည်းများကို ဦးစားပေးမှုများရှိနေရာ ပြည်ထောင်စုတစ်ဝန်းလုံးပေါင်းစည်းပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ဖော်ဆောင်မှုကို အထောက်အကူပြုသည့် ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်သို့ လာရောက်လေ့လာကြည့်ရှုခြင်းဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်အထောက်အပံ့များ တစ်စုံတစ်ရာရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
Newspaper - 3431 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
