ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက် ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပါဠိဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိမဟာထေရ်၏ ထေရုပ္ပတ္တိအကျဉ်း


Ministry of Information/ Naypyitaw / April 13, 2026
image_latest


ဖွားမြင်တော်မူခြင်း

ဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွာရှည်ရွာ ခမည်းတော် ဦးပေါ်အေး - မယ်တော် ဒေါ်ဖွားရှင်တို့က ၁၃၀၉ ခုနှစ် နတ်တော်လပြည့်ကျော် ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း

ဆရာတော်လောင်းလျာသည် ၁၃၁၈ ခုနှစ် တပေါင်းလဆန်း ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွာရှည်ရွာ ရွာရှည်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသ မဟာထေရ်အား ဥပဇ္ဈာယ်ပြုလျက် ခမည်းတော်နှင့် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး ၁၃၂၈ ခုနှစ် တပို့တွဲလဆန်း ၉ ရက်နေ့တွင် မိတ္ထီလာမြို့ ဝမ်းတော်ပြည့်ကျောင်းတိုက် ခဏ္ဍသိမ်၌ သဲတောမြို့ ကိုးတောင်ပြည့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရ မဟာထေရ်အား ဥပဇ္ဈာယ်ပြုတော်မူလျက် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်နေ ရဟန်းဒါယကာ ဦးလှဝင်း - ရဟန်းဒါယိကာမ ဒေါ်လှဝင်းမိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း

ဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွာရှည်ရွာ ရွာရှည်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသ၊ မိတ္ထီလာမြို့ အသောကာရုံ ရေလည်ကျောင်းတိုက်၏ ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ လာဘာဝတ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၊ ဘဒ္ဒန္တ နာယကာဘိဝံသ အစရှိသော မစိုးရိမ်နာယကဆရာတော်များ၊ မစိုးရိမ်တိုက်ကြီးမှ စာချနာယက ဆရာတော်များ၊ မြတောင်တိုက်ရွှေဝါဝင်းကျောင်းဆရာတော် အစရှိသော ဆရာတော်များထံ၌ စာပေသင်ယူဆည်းပူးတော်မူခဲ့ပြီး “သာသနဓဇဓမ္မာစရိယ” ဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။

သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း

ဆရာတော်သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌ ဒုတိယအကြိမ် မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ တတိယအကြိမ် မြို့နယ်သံဃနာယက အကျိုးဆောင်၊ စတုတ္ထအကြိမ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပဉ္စမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဆဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အဖြစ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ တာဝန်များ၊ နေပြည်တော် ဓာတုစယဓာတ်ပေါင်းစုစေတီတော်တည်ထားရာ၌ ဩဝါဒါစရိယအဖြစ်လည်းကောင်း၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယအဖြစ်လည်းကောင်း၊ သတ္တသတ္တာဟ စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်အဖြစ်လည်းကောင်း၊ ပျဉ်းမနားမြို့၊ သမိုင်းဝင်ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်မြတ်ကြီးနှင့် ဘုရားကိုးဆူစေတီတော်မြတ်ကြီးတို့၏ ဩဝါဒါစရိယ ဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ နေပြည်တော် ပျဉ်းမနားမြို့၌ ဓမ္မာစရိယ စာဖြေဌာနနှင့် နိကာယ်စာဖြေဌာနများဖြစ်ပေါ်လာအောင် တာဝန်ယူဆောင်ရွက်တော်မူခဲ့ပြီး စာမေးပွဲဆိုင်ရာကိစ္စများ၌ နိကာယ်စာမေးပွဲ၊ အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် ယဉ်ကျေးမှုစာမေးပွဲများ၏ ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာရေးဆိုင်ရာတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း

ဤသို့လျှင် ဗုဒ္ဓသာသနာတော်အကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ပရိယတ္တိဆေကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၁၄ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ ၂၀၁၈ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် ၇၉ နှစ်၊ သိက္ခာတော် ၅၉ ဝါအရ ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၈ ရက် (၉-၄-၂၀၂၆) ကြာသပတေးနေ့၊ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

သတင်းစဉ်

Newspaper - 3499 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download