ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များရောက်ရှိ
ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များရောက်ရှိ
Ministry of Information/ Naypyitaw / February 03, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုရောက်ရှိလာသည့် ယဉ်ကျေးမှုအဖွဲ့များကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး၂၁ ဦး စုစုပေါင်း ၃၆ ဦး၊ ရခိုင်ပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသားရှစ်ဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း၄၀၊ ချင်းပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၂၀၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၆ ဦးတို့ကို အိုးစည်၊ ဒိုးပတ်များနှင့် နွေးထွေးလှိုက်လှဲစွာဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များကို တည်းခိုနေထိုင်မည့် အိပ်ဆောင်များတွင် စနစ်တကျနေရာချထားပေးခြင်း၊ အဖွဲ့လိုက် နံနက်စာ၊ နေ့လယ်စာနှင့် ညစာကျွေးမွေးမှုများတွင် လစ်ဟင်းမှုများမရှိစေရေးနှင့် တည်းခိုနေထိုင်စဉ်ကာလအတွင်း အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3430 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
