ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / March 12, 2026
နေပြည်တော် မတ် ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လက်ရှိကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများနှင့် မတူညီသည့် ရွေးကောက်ပွဲစနစ်၊ မဲပေးသည့်ပုံစံ၊ ရွေးကောက်ပွဲ ကျင်းပသည့်ပုံစံတို့ဖြင့် အခက်အခဲအနှောင့်အယှက်များကြားမှ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ခဲ့ကြခြင်းဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲများ ကျင်းပဆောင်ရွက်ကြရာတွင်လည်း ယခုကဲ့သို့ စည်းစည်းလုံးလုံး အောင်အောင်မြင်မြင်ဖြင့် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများအဖြစ် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် အားတက်သရော လာရောက်ဆန္ဒမဲပေးခဲ့ကြသည့် ပြည်တွင်း ပြည်ပမှ မဲဆန္ဒရှင်ပြည်သူများ၊ စေတနာစွမ်းအား၊ ဉာဏ်ပညာစွမ်းအား၊ ဝီရိယစွမ်းအားများဖြင့် နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် အားသွန်ခွန်စိုက် တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ဖွင့်လှစ်သည့်သင်တန်းများတွင် သင်တန်းသားစံပြဆု ရရှိသူအရာထမ်းနှစ်ဦး၊ အခြားထူးချွန်ဆုရရှိသူ အရာထမ်းနှစ်ဦး စုစုပေါင်းလေးဦး၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအစီအစဉ်တွင် တွဲဖက်တာဝန် ထမ်းဆောင်ခဲ့သူ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းမိသားစုဝင်တစ်ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပြီး ငွေကျပ် ၂၈၅ သိန်းကျော် တန်ဖိုးရှိ ဆုမဲများနှင့် ဆုငွေများကို ကံစမ်းမဲဖောက်ပေးကြသည်။
ညနေပိုင်းတွင် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး ကော်မရှင်ရုံးဝန်ထမ်းများက တေးသီချင်းများ၊ အကအလှများဖြင့် ပျော်ရွှင်စွာ သီဆိုဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3467 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
